Part 4

27.4K 3.1K 407
                                    

​မောင်တစ်​ယောက်အိပ်ရာနိုးတာနဲ့အိမ်နှင့်တွဲလျက်ဆိုင်ထဲမှကြားရ​သော​ခြေသံတရှပ်ရှပ်​ကြောင့်ပြုံးလိုက်မိ၏....

စိတ်ထဲမှလည်းအလုပ်ကြိုးစား​သော​ခေတ်ကိုကြိတ်ကာအမှတ်​ပေးလိုက်၏....

​ရေချိုးမျက်နှာသစ်ပြီး​​တော့မီးဖိုခန်းမှ​မွှေးကြူ​သောဟင်းအနံ့​လေး​တွေကဆွဲ​ဆောင်​နေ​လေသည်....

"ကို​ခေတ်"

"ဗျာ​ မောင်"

"ဟင်းချက်​နေတာလား"

"အင်း...ဒီ​နေ့ကစပြီးငါချက်​​ကျွေးမယ်​လေ​မောင်..."

"အင်း​လေ...ဒါဆိုလည်းအဆင်​ပြေတာ​ပေါ့...ခဗျားကမီးဖို​တော့ကိုင်တက်တယ်လား...."

"ကိုင်တက်တာ​ပေါ့​မောင်ရ ငါ့ဘကြီးတို့ကရွာမှာနဲနဲချမ်းသာတယ်​လေကွ သူတို့အိမ်မှာဒါမျိုးလျှပ်စစ်မီးဖိုရှိ​တော့ငါကသူတို့ချက်ရင်ကြည့်ထားတာကွ"

"အင်းပါပြီး​​ရော.."

"ဟင်းစား​တွေ​ရောဘယ်ကရလဲ"

"ဟိုမှာ​လေ..ဟို​အေးတဲ့အ​ငွေ့​တွေထွက်​နေတဲ့​နေရာက...​"ဟု​ပြောကာ​ရေခဲ​သေတ္တာကိုလက်ညှိုးထိုး​နေ​သောထိုလူသား.....

​​မောင်တစ်​ယောက်​ခေတ်ပြရာကိုကြည့်လိုက်​တော့အဖုံးဖွင့်ထား​သော​ရေခဲ​​သေတ္တာကြီးကို​တွေ့​လေ​သည်....

"အယ့်တာဘာ​ခေါ်လဲ​မောင်...အယ့်ထဲကိုအ​ငွေ့​တွေဝင်​နေလို့မြန်မြန်ထွက်​အောင်ငါတံခါးဖွင့်ထားတယ်"

​မောင်မျက်လုံးပြူးကာအလျင်အမြန်ပင်​​ရေခဲ​သေတ္တာနားသွားကာတံခါးပိတ်လိုက်သည်.......

"ခဗျားဗျာ...အယ့်တာအ​ငွေ့​တွေမဟုတ်ဘူးဗျ...ပြီး​တော့အယ့်လိုဖွင့်မထားရဘူးဗျ....ကျစ်...ထားပါဗျာ..​နောက်ယူစရာရှိတာယူပြီးရင်ပြန်ပိတ်ကြားလား...အယ့်တာ​ရေခဲ​သေတ္တာလို့​ခေါ်တယ်...အစားအ​သောက်​တွေ​အေး​အောင်ထည့်ထားရတာ"

သူ​ပြော​တော့လည်းမျက်နှာငယ်​လေးနဲ့​ခေါင်းငြိမ့်ရှာသည်....

"​မောင်အိမ်​ရှေ့မှာ​စောင့်​နေ​လေ...ငါကျက်ရင်​ခေါ်လိုက်မယ်ဗျာ..၇နာရီခွဲပဲရှိပါ​သေးတယ်...ဆိုင်က၉နာရီခွဲမှဖွင့်မှာမလား"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Onde as histórias ganham vida. Descobre agora