Part 16

22.3K 2.5K 103
                                    

​​ခေတ်တစ်​ယောက် ​ဒေါ်​မေမိုးပြည့်အကြံအတိုင်း​မောင့်ကိုရုပ်ရှင်ကြည့်ရန်​ခေါ်ကာ​အောက်သို့ဆင်းလာခဲ့​လေသည်။​​အောက်​ရောက်​တော့Rest Roomထဲတွင်TV​ရှေ့ကဆိုဖာကြီး​ပေါ်၌​တောင့်​တောင့်ကြီး​တွေထိုင်​နေ​သော​မောင့်အ​ဖေနှင့်ရှင်းလျှန်ကို​တွေ့​လေသည်။​မောင်နဲ့​ခေတ်တို့ဝင်လာတာ​တွေ့​တော့ရှင်းလျှန်နဲ့​ဒေါ်​မေမိုးပြည့်ကရယ်ပြ​ပေမယ့် ​မောင့်အ​ဖေက​တော့ခပ်တည်တည်သာ

"သား​ခေတ်​လေးတို့လာ"

​​ဒေါ်​မေမိုးပြည့်ကအားရဝမ်းသာ​ခေါ်​တော့​မောင်နဲ့​ခေတ်မှာဆိုဖာ​ထောင့်က​နေရာလွတ်တွင်ဝင်ထိုင်​လေသည်။​ခေတ်ကကြံစည်ထားတဲ့အတိုင်း​မောင့်ကိုသူ့အ​ဖေ​ဘေးမှာထိုင်ခိုင်းကာ သူက​ထောင့်ဆုံးမှာဝင်ထိုင်လိုက်သည်။ သူတို့အ​နေအထားက ပတ်လည်ဆိုဖာအဝိုင်းကြီး​ပေါ်တွင် ​ဒေါ်​မေမိုးပြည့်နဲ့​ခေတ်က​ထောင့်တစ်ဖက်ဆီမှာထိုင်ပြီး အလယ်မှာထိုသားအဖသုံး​ယောက်ကိုထိုင်ခိုင်းထား​လေရဲ့။

​​မောင်က​တော့သူ့အ​ဖေ​ဘေးကပ်ထိုင်​နေ​ပေမဲ့မျက်နှာကြီးကို​တော့​ဆုပုတ်၍ခေတ်ဘက်ကိုသာလှည့်ထား​လေသည်။

"ကဲ ရုပ်ရှင်ကြည့်မယ် ​ရော့သား​ခေတ်   popcorn နဲ့ colaယူ၊ဒီသားအဖသုံး​ယောက်ကဘူးကြီးတစ်ဘူးယူ"

​ဒေါ်​မေမိုးပြည့်သည်ပါးစပ်ကလည်း​ပြောရင်း​ခေတ်အား​ပေါက်​ပေါက်ဘူး​သေး​လေးတစ်ဘူးနဲ့အ​အေးတစ်ဗူး​ပေးကာ သူမရဲ့ခင်ပွန်းဖြစ်သူလက်ထဲကို​တော့​ပေါက်​ပေါက်ဘူးအကြီးကြီးထည့်​ပေး​လေသည်

"ကျစ်!"

သူတို့ကိုတူတူစားခိုင်းတာ​ကြောင့်​​မောင်နဲ့​မောင့်အ​ဖေရဲ့အလိုမကျသံဟာထွက်​ပေါ်လာ​ပေမယ့် ​မောင်ကလည်း​ခေတ်ကိုမလွန်ဆန်ရက်တာ​ကြောင့်ဘာမှမ​ပြောသလို ​မောင့်အ​ဖေဦးသီဟ​မောင်မှာလည်းသူ့မိန်းမကိုမလွန်ဆန်ရက်တာ​ကြောင့်ဘာမှထပ်မ​ပြော​ပေ

"ရုပ်ရှင်စပြီ​နော်"

ရှင်းလျှန်ကတီဗီကိုလှမ်းဖွင့်ရင်း​ပြော​တော့ ​ခေတ်ကမျက်လုံး​လေးဝိုင်းကာတအံ့တသြ​နှင့်တီဗီဖန်သားပြင်ကိုကြည်​လေသည်

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now