Part 40

26.9K 2.3K 312
                                    

"ဆွမ်းဝတ်​လေးလာသိမ်းပါတယ်ခဗျာ"

အိမ်​ရှေ့မှလူနှစ်​ယောက်ရဲ့ ခပ်စူးစူး​​အော်သံ​ကြောင့် ​ခြေတံရှည်အိမ်​အပေါ်ထပ်မှ လုံးပုပုအမျိုးသမီး​ကြီးတစ်​ယောက်သည် ဟင်းချိုင့်​လေး တစ်ဆင့်ကိုင်ကာ အိမ်​အောက်သို့​ပြေးဆင်းလာ​လေသည်။

သူ(မ)​နေထိုင်ရာဝိုင်းရဲ့အပြင်ဘက်ကို လှမ်းကြည့်လိုက်​တော့ ဆွမ်းဝတ်လာသိမ်းတဲ့ ဖြူဖြူ​​ချော​ချောအမျိုးသားငယ်​လေးနှစ်​ယောက်

"ဆွမ်းဝတ်လာသိမ်းတာပါ အရီးခဗျ"

သူ့ကို​တွေ့သည်နှင့် ပြုံးရွှင်လျက်ယဥ်​ကျေးစွာ​ပြောလာ​သော ​ကောင်​လေးနှစ်​ယောက်ကို ပြုံး၍ကြည့်မိသည်။

"မြို့ကြီးသား​တွေ ​ခြေဗလာနဲ့​​​လျှောက်ရတာ အဆင်​မှပြေရဲ့လား​တော့်"

သူ(မ)​မေး​တော့ထို​ကောင်​လေးနှစ်​ယောက်သည် ပြုံးလျက်အဆင်​ပြေ​ကြောင်း​ဖြေ​လေသည်။

ဒီ​ကောင်​လေးနှစ်​ယောက်သည် တယ်လည်းထူးကြသည်ကိုး။ ရန်ကုန်လိုမြို့ကြီးက​နေ ​ခေါင်​ခိုက်ချို့တဲ့လှတဲ့ သူတို့ရွာငယ်​လေးထိလာပြီး ဘုန်းကြီး​ကျောင်းသားလုပ်​နေကြသည်မို့​။

"ကဲကဲ ​ရော့ကွယ် ဒီ​နေ့​တော့ ဘဘုန်းအတွက် ကြက်ဆီပြန်​လေး​တော့်"

"ဟုတ် သာဓုပါခဗျာ။ သွားဦးမယ်ဗျ"

"​အေး​​အေး"

ထိုအိမ်က ဆွမ်းဝတ်​လေးကိုသိမ်းပြီးတာနဲ့​မောင်နဲ့ရှင်းလျှန်တို့ တခြားအိမ်​​​တွေသို့ဆွမ်းဝတ်သိမ်းရန် ဆက်ထွက်ခဲ့သည်။
ညီအကိုနှစ်​ယောက် ဂုတ်​ပေါ်တွင်တံပိုး​လေးတွေပိုး၍ ​မောင်ကဆွမ်းထမ်း​လေး​တွေကိုထမ်းကာ ရှင်းလျှန်က​တော့ ဟင်းချိုင့်​လေး​တွေထမ်းလျက် ဆိုင်းထမ်းကိုယ်စီနှင့် ဆွမ်းဝတ်လိုက်သိမ်း​​နေလေသည်။

​ရောက်​ရောက်ချင်း​နေ့က ဦးဇင်း​လေးနှစ်ပါးရဲ့ "သာသနာ​​ဘောင်မှာ​ပျော်သ​လောက်​နေပစ်ဦးမှာ" ဆိုတဲ့ ခပ်​ပြတ်ပြတ်စကား​ကြောင့် သူတို့နှစ်ဦးလည်း ဘုန်းကြီး​ကျောင်းသားအဖြစ် ​ပျော်သ​လောက်ပါရမီဖြည့်ရန်ဖြစ်လာရသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now