Part 15

24.3K 2.6K 245
                                    

​​ခေတ်တစ်​ယောက်​ရေချိုးပြီးထွက်လာ​တော့ကုတင်​ပေါ်မှာအ​နွေးထည်ကြီးကိုင်ကာထိုင်​စောင့်​နေ​သော​မောင်

"​ခေတ် လာ"

​မောင်​ခေါ်တဲ့အနားကိုသွားလိုက်​တော့သူ့အားထိုအ​နွေးထည်အထူကြီးကိုဝတ်​​ပေး​လေသည်

"ချမ်းတယ်မလား"

"ချမ်းတာ​ပေါ့ကွ"

"ချမ်း​ပေမယ့်လည်းချိုးလိုက်တာ​ကောင်းပါတယ် အ​​နွေးထည်​လေးဝတ်ထား​နော်"

"အင်း"

"အိပ်ရ​အောင်​လေ"

"အင်း"

"တအင်းအင်းနဲ့ ​ခေတ်ကလည်း"

"​ဟောဗျာ ငါကအင်းလို့မ​ပြောလို့ဘယ်လို​ပြောရမှာလဲကွ"

"ဟုတ်ပါပြီ လာ အိပ်​တော့"

​ခေတ်တစ်​ယောက်​မောင့်ကိုမျက်လုံး​လေး​ထောင့်ကပ်ကြည့်ကာ ကုတင်​ပေါ်သို့လှဲချလိုက်သည် ​မောင့်ကလည်းသူ့​နေရာဖြစ်တဲ့​ခေတ်​ဘေးမှာဝင်လှဲ​လေရဲ့

"​ခေတ်"

"ဟင်"

"ကျွန်​တော့်ဘက်လှည့်အိပ်"

​သူ့ဘက်လှည့်အိပ်ရန်ပြော​လာ​သော​မောင့်ကို ခေတ်မှာဘာ​ကြောင့် ဘာရယ်​မေးမ​နေဘဲ​မောင့်ဘက်သို့လှည့်အိပ်လိုက်​လေသည်

"ကျွန်​တော့်ကိုထားသွားလို့မဖြစ်ဘူး​နော်"

"​အင်းပါ​မောင်ရ မင်းကိုထားခဲ့ပြီးရင်လည်းငါ့မှာသွားစရာမရှိဘူးဗျား"

​​မောင့်အား မျက်ခုံး​လေးပင့်ကာအားရပါးရ​ပြော​လေ​သော​ခေတ်ပုံ​လေး​ကြောင့်​မောင်ရယ်လိုက်မိသည်

"ခဗျားမျက်လုံး​လေး​တွေကိုကိုင်လို့ရလား"

"အင်း"

​ခေတ်ကခွင့်ပြု​တော့​မောင့်လက်က​လေး​တွေဟာ ​ခေတ်မျက်လုံးဝိုင်းဝိုင်း​လေး​တွေထက်​ပြေးလွှား​လေသည်

"ဒီတိုင်း​လေးကိုင်အိပ်မယ်​နော်"

"အင်း"

​မောင့်ရဲ့လက်က​လေး​တွေရဲ့လှုပ်ရှားမှုကိုငြိမ်ခံရင်း​ခေတ်လည်းအိပ်​မောကြရန် စိတ်ကိုလွှတ်ချလိုက်သည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now