Part 42

22.9K 2.1K 144
                                    

"ကို​ခေတ်ထူး!"

"ဗျား"

"အယ့်​ရွှေဘူဘူးကိုလက်ကချဦးမှာလား"

"ချီမှမချီထားတာပဲ​မောင်ရယ်။ ဒီတိုင်းကြိုး​လေးနဲ့လွယ်ရုံလွယ်ထားတာကိုဗျား"

"ကျစ်! မ​ပြော​တော့ဘူး"

​မောင်တစ်​ယောက် ​ရွှေဘူဘူးကိုလက်ကမချ​​သော ​ခေတ်ကိုကြည့်ကာ စိတ်ညစ်စွာပင် စုတ်သက်လျက် ​ခြေကို​ဆောင့်ပြီးအခန်းထဲမှထွက်လာခဲ့သည်။ ရန်ကုန်ပြန်​ရောက်တာ နှစ်ရက်ပဲရှိ​သေး ဒီအိမ်မှာသူ့အတွက်​နေရာဆိုတာမရှိ​တော့။

ပြန်​ရောက်တဲ့​နေ့က အကုန်လုံး ​မောင်တို့အိမ်သာပြန်လာကြပြီး ရှင်းလျှန်ကလည်း သူနဲ့အကိုစိုင်း​မော်ရှန်းအ​ကြောင်းကို ဖွင့်​ပြောကာ အိမ်မှာသာ​ခေါ်ပြီးတူတူ​နေကြသည်။

မိဘတွေက​တော့မကန့်ကွက်​သော်ငြား ​သေချာ​ပေါက်​ရှောခ့်ရသွားကြတာ​တော့အမှန်ပင်။
သားနှစ်​ယောက်လုံး.......အင်း...
ဒါလည်းကိစ္စမရှိ​သေးပါ။ လက်ခံကြသည်။ ခု​တော့သူတို့အိမ်ကြီးတွင် ရှင်းလျှန်တို့မိသားစုရယ်၊ ​မောင်တို့မိသားစုရယ်၊ ​နွေတို့သားအမိရယ်ဖြင့် အိမ်ကသိုက်သိုက်ဝန်းဝန်းပြန်စည်ကား​နေ​​လေပြီ။

ပြသနာက​ ကိုရွှေဘူဘူးပင်။ ​ရောက်​ရောက်ချင်း​နေ့က သူ့ကိုတအံ့တသြဝိုင်းကြည့်​နေကြတုန်း မျက်လုံး​လေးကလယ်ကလယ်လုပ်​နေပြီး ​ဒေါ်တီ​မေက ချစ်​စရာ​လေးပဲလို့​ပြောလိုက်သည့်သကာလမှာ သူ့နှုတ်သီး​သေး​သေး​လေးကို တစ်ဖက်တည်း​ကော့တက်​အောင်လုပ်ပြီးပြုံး​လေသည်။ ဘယ်လိုရက်ပိုင်းသာရှိ​သေးတဲ့နီတာရဲကသူ့လိုပြုံးလို့လဲ။ ပြုံးလိုက်တဲ့ပုံကတစ်​လောကလုံးမှာသူအ​ချောဆုံး​လို။ အယ့်တည်းက တစ်အိမ်လုံးကလူ​တွေ ​ရွှေဘူဘူး ​ရွှေဘူဘူးနဲ့ဖြစ်သွားခဲ့တာ။ ဘုန်းဘုန်းကြီး​ပေးလိုက်တဲ့ ​​ရွှေဘူဘူးဆိုတဲ့နာမည်​ကြောင့်များ ဒင်းစန်းပွင့်​လေသလားမသိ။

​​မောင်လည်း ​ရွှေဘူဘူးကိုချစ်ပါသည်။ သို့​သော် ​ခေတ်ကအယ့်ဒီ့​ရွှေဘူး​ကောင်​လေးကို သူ့ထက်ပိုချစ်တာမျိုးကို​တော့မကြိုက်။ ခုလည်းကြည့် ​ခေတ်ကသူအခန်းထဲကထွက်လာတာ​တောင် အယ့်ဒီ့ဘူး​ကောင်​ပေါက်ကိုလက်ကမချဘူးမလား။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Kde žijí příběhy. Začni objevovat