Part 30

22.2K 2.2K 67
                                    

အချိန်အားဖြင့်​နေ့လည်၃နာရီ ထိုးလုဆဲဆဲ​လေးပင်။မသိစိတ်ရဲ့လှုံ့​ဆော်မှု​ကြောင့် ​စောင်ထုပ်​လေးထဲမှဖြူဖြူဥဥ လူသား​လေးတစ်​ယောက်သည် ငိုထား​သောကြောင့်ပိ​ဖောင်း​နေ​သော မျက်လုံး​လေး​တွေကိုအားယူဖွင့်ကာ နိုးလာ​လေသည်။

ကုတင်​ခြေရင်းမှ တိုင်ကပ်နာရီ​လေးကိုလှမ်းကြည့်​တော့ ၂း၅၀ ကိုပြ​နေတာ​ကြောင့် မျက်လုံး​တွေကိုပွတ်ရင်းကမန်းကတန်းထရန်ပြင်​လေသည်။ လှုပ်ရွ​နေသောခန္ဓာကိုယ်​လေးသည် ကုတင်​ပေါ်မှထရန်​ခြေတစ်​ချောင်းချပြီးကာမှ ဆက်ကနဲ ​ဆောင့်ဆွဲခံလိုက်ရခြင်းနဲ့အတူ ​စောင်ထုပ်ထဲကလူရဲ့ရင်ခွင်ထဲသို့ ပစ်ကျသွား​လေသည်။

"အင့်! ရှင်းလျှန်! ခဏလွှတ်ဦး​လေ​နော်"

"ပင်ပန်းတယ် ငြိမ်ငြိမ်ပြန်အိပ်​နေ"

"ပင်ပန်းတယ်?"

"အင်း"

ပင်ပန်းတယ်ဆို​သော ရှင်းလျှန်၏စကား​ကြောင့်စိုင်း​မော်ရှန်းပါးစပ်​လေးမဲ့ ကာ မျက်​စောင်းထိုးလိုက်သည်။ ​တကယ်ပင်ပန်းရတာ ဘယ်သူမို့လို့လဲ။

"အိပ်လို့မဖြစ်လို့ပါကွာ ခဏ​နေ သမီး​လေးပြန်လာ​တော့မှာ ၃နာရီ​ခွဲ​လောက်ဆို​ရောက်​တော့မှာကွ"

"​ရောက်​ရောက်"

"ရှင်းလျှန်း ခဏလွှတ်​​ပေးပါကွာ ငါသန့်ရှင်း​ရေးလုပ်ဖို့လည်းလိုတယ်​လေ​ ​နော်"

"မလွှတ်ဘူးဗျာ"

သူ​ပြောသမျှ​တွေကို မျက်လုံးမဖွင့်ပဲ အကန်တွေသာပြန်​ပြော​နေ​သော​ကောင်​လေး။ ဒီ​နေ့အတွက် ထို​ကောင်​လေး၏အပြုအမူ​တွေကို သူလုံးဝအကဲမခတ်တက်​တော့ပါ​လေ။

"ရှင်းလျှန်​လေးက လိမ္မာပါတယ်ကွာ။ထပါ နော်။ ငါမုန့်လုပ်​ကျွေးမယ်​လေ​ ဟင် ဟင်"

သူ့​ခေါင်း​လေးကိုလက်ဖြင့်ပွတ်သပ်ရင်း အချိုသပ်ကာ​ပြောလာ​သော စိုင်း​မော်ရှန်း၏စကား​ကြောင့် ရှင်းလျှန် မသိမသာ ပြုံးလိုက်သည်။ တစ်ခုခုဆို မုန့်​ကျွေးမယ်​ပြောရတာနဲ့ ငါးဖယ်ပိုကြိုက်တာ​တွေ ကြက်သားပိုကြိုက်တာ​တွေ​ပြောရတာနဲ့။တကယ်ပဲထိုလူသားသည် သူ့ကိုက​လေးထင်​နေလားမသိ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now