Part 27

21.6K 2.3K 234
                                    

​​မောင်တစ်​ယောက်အလုပ်​​ရောက်ပြန်​​တော့လည်းစိတ်ကဂဏာမငြိမ်​ပေ။အိမ်တွင်ကျန်ခဲ့​​သော ချစ်ရသူကိုသာ​တွေ့ချင်စိတ်​တွေဖုံးလွှမ်း​နေ​လေရဲ့​ပေါ့။ထိုသို့ဖြစ်ခြင်းသည် ဒီ​နေ့မှမဟုတ် တရားဝင်ချစ်​ကြောင်းဝန်မခံခင်ကတည်းက အလုပ်​ရောင်တိုင်း​ခေတ်ကိုလွမ်းရခြင်းကသူ့တာဝန်တစ်ခုလို။

"ကျစ်! ဖုန်းဝယ်​ပေးဦးမှပါ​လေ"

ဖုန်း​လေးနဲ့သာဆိုအသံ​လေးပဲနား​ထောင်​ထောင် Video call​လေးပဲ​ပြော​ပြော အဆင်​ပြေသည်မလား။ကိုယ့်ဟာကိုယ်တစ်​ယောက်ထဲ​ရေရွတ်ရင်း သူငယ်ချင်းဖြစ်သူဆိုင်မှ ဖုန်းတစ်လုံးကိုချက်ချင်းလှမ်းမှာထားလိုက်သည်။ထို့​နောက်​​ကျေနပ်ပြုံးကြီးဖြင့်ပြုံးလျှက်......

အိမ်တွင်လည်း​ခေတ်နဲ့စိုင်း​မော်ရှန်းတို့စာသင်ခြင်းလုပ်ငန်းကိုစ​နေကြ​လေသည်။စိုင်း​မော်ရှန်းသည်အသင်အပြတကယ်ပင်​ကောင်း​သောဆရာဖြစ်သလို ​ခေတ်ကလည်းဥာဏ်ထက်သည့်​ကျောင်းသား​လေးဖြစ်သည့်အ​​လျှောက် ​ခေတ်မှာသင်ပြရ​တော်​တော်​လေးလွယ်ကူ​နေပြီး စာ​တွေ​တော်​တော်ကို​ရေးတက်ဖတ်တက်​နေ​လေပြီ။အရင်က​မောင်သင်​ပေးထားတဲ့ အ​ခြေခံ​​လေး​ကြောင့်လည်းသင်ရပိုလွယ်ကူသွားသည်ထင်ပါရဲ့​လေ။

"A ​ဖော် အားပဲ
B ​ဖော် ​ဘော
C ​​ဖော် ကတ်
D  ​ဖော် ​ဒေါ့ခု   ​ဟေး​ဟေး အယ့်ထိမှန်သလားဗျ"

"မှန်တယ်ဗျာ။ဒါ​ပေမဲ့ Dက D for ​ဒေါ့ခုမဟုတ်ဘူး D for dog ​ဒေါ့ခ်"

"ဪ ​​ဒေါ့ခ်"

"အင်း မှန်သွားပြီ ​တော်တယ်ဗျာကိုယ့်တပည့်က"

"ဟီးဟီးဟီး"

သွား​လေးဖြဲကာသွားဖြီး​လေးနှင့်အချီးကျူးခံ​နေပါ​သော​ခေတ်။သနပ်ခါး​တွေက​​တော့အမြဲအ​ဖွေးသားနှင့် ​ခေါင်းထိပ်ကဆံထုံးလိပ်​ခွေ​လေးကလည်းအမြဲ​​ခွေတင်လျှက် တကယ့်ကိုမူကြိုက​လေးသဖွယ် ​ခေတ်ရယ်ပါ​လေ။စာ​တွေရရင်တဟားဟား​အော်ရယ်တက်ပြီး စိတ်ပါဝင်စားစွာလိုက်လုပ်တက်ပြန်​သော​ခေတ်ကို စိုင်း​မော်ရှန်းကပါ ညီ​လေးတစ်​ယောက်လိုချစ်ခင်မိ​လေရဲ့။ ​ခေတ်ထူးထူး​ခေတ်ဟာ အချစ်​တွေကိုသိမ်းပိုက်ထားတဲ့ အချစ်အိုး​လေးများလား​လေ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now