Part 28

21.8K 2.3K 196
                                    

"​မောင် တကယ်မဆင်းဘူးလား"

"မဆင်းဘူး​ခေတ်ရာ"

"​အောက်ထပ်​လေးတင်​လေးကွာ ထမင်း​လေးတူတူစားရုံကို ခါတိုင်းလည်းညစာတူတူစား​နေကြပဲဟာ"

"မသိဘူး​ခေတ်ရာ သူတို့​တွေ​ပျော်​နေကြမှာ သူတို့မိသားစုကိစ္စ​တွေဝင်မပါချင်ဘူး"

"​မောင်ကလည်းကွာ က​လေးကြီးကျလို့"

​ခေတ်တစ်​ယောက်​မောင့်ကိုမျက်လုံး​လေး​စောင်ကာမျက်​မှောင်ကျုံ့၍ကြည့်လိုက်​လေသည်။ဒီ​နေ့​တီ​မေ့​မွေး​နေ့မို့ညစာတူတူစားကြရန်​ခေါ်​​နေသည်ကိုဇွတ်ငြင်း​​နေ​​​​သော​ကောင်ဆိုး​လေးပင်။

"တကယ်မဆင်းဘူးလား"

"မဆင်းချင်ဘူး​ခေတ်ရာ"

"​အေး​​လေ ဒါဖြင့်လည်းရတယ်ဗျား ငါပဲဆင်းပြီးရှင်းလျှန်​လေးနဲ့ဆရာနဲ့​ပျော်စရာအချိန်​တွေကိုကုန်ခဲ့လိုက်ဦးမယ်ဗျား ​မောင်​နေခဲ့​​တော့"

မျက်ခုံး​လေးပင့်ကာ​​ပြောပြီးအခန်းထဲက​​နေလှစ်ခနဲဆိုသလို​ပြေးထွက်သွား​သောလုံးတုံးလုံးတုံးလူသားကိုကြည့်ကာ ​မောင်တစ်​ယောက်စိတ်ရှုပ်စွာသက်ပြင်းချလိုက်​လေသည်။

"သူတို့နဲ့​ပေါင်းတာ မကြိုက်တာကိုသိရဲ့သားနဲ့ကွာ"

​ဆံပင်​တွေဖွကာ​ရေရွတ်ရင်း ခပ်​​လေး​​လေး​ခြေလှမ်း​တွေနဲ့​အောက်သို့ဆင်းသွားလိုက်သည်။​ဒေါ်​​မေမိုးပြည့်၏​မွေး​နေ့ဆိုတစ်ခါမှမပါဝင်ခဲ့ဖူး​သော​မောင်သည်ဒီ​နေ့တွင်​တော့တစ်စုံတစ်​ယောက်​​သောသူ​ကြောင့်ပါဝင်ရ​တော့​ပေမည်။

​အောက်​ရောက်​​တော့ခြံထဲမှပွစိပွစိအသံ​လေး​တွေနဲ့အတူ လှပ​သောကြည်နူးဖွယ်ညစာစားပွဲ​လေးကကြိုဆို​​နေ​လေသည်။

"ဟက်"

​မောင်တစ်​ယောက်ခနဲ့စွာပြုံးလိုက်​လေသည်။သူ့မိခင်ဖြစ်သူ၏​မွေး​နေ့ကျ​တော့ဘယ်​နေ့မှန်း​​တောင်မသိ​သောဖခင်ဖြစ်သူသည် ထိုအမျိုးသမီးအတွက်ကျ​တော့သည်လိုညစာစားပွဲမျိုးကိုပါကျင်းပ​ပေးလို့ကိုယ်တိုင်မီးဖို​ချောင်ထဲထိဝင်ကြီးကြပ်​​နေ​လေရဲ့။သိပ်ကိုတရား​နေလိုက်တာ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now