​ကျေးဇူးတင်လွှာအရှည်ကြီး

7.7K 1K 304
                                    

🤭
အမယ်​လေး ရီချင်​နေလို့ ခဏ​လေး🤭

ရပြီ ရပြီ ဟီးဟီး။ ဟုတ်ပြီ ဒါ​လေးကရွှန်းရဲ့​ကျေးဇူးတင်လွှာတွေထဲမှာ အရှည်ဆုံးဖြစ်မှာပါ။ ဆို​တော့ အချိန်မ​ပေးနိုင်ဘူး အဆုံးထိမဖတ်နိုင်ဘူးထင်ရင် ဝင်မဖတ်ပါနဲ့​​နော်။ အားနာပါးနဲ့ Voteလည်းဝင်​ပေးသွားစရာမလိုပါဘူး​နော်။

ကဲစပါပြီ.....

ဒီ​ကျေးဇူးတင်လွှာအရှည်ကြီးမှာ ထိပ်စီးက​နေ လှိုက်လှိုက်လှဲလှဲ​ကျေးဇူးတင်ချင်တာ ရွှန်းရဲ့အတူး​လေး​တွေပါ။ ရင်ထဲက​နေလှိုက်လှိုက်လှဲလှဲနဲ့ တကယ်ကို​ကျေးဇူးတင်မိတာပါ။ Update​တွေမမှန်ခဲ့တဲ့ ဒီအရွှန်း​လေးကို၊ စိတ်ဓါတ်​တွေကျ​နေခဲ့တဲ့ဒီ​ကောင်မ​လေးကို စကားလုံး​လေး​တွေနဲ့တစ်ဖုံ၊ နှစ်သိမ့်အား​​ပေးစကား​လ​တွေနဲ့တစ်ဖုံ တွန်းအား​လေးတစ်ခုဖြစ်​စေခဲ့တာ တကယ်ကို ​ကျေးဇူးတင်ရပါတယ်ကွယ်။ အတူးကြီးတို့အတူး​လေးတို့အားလုံးကို ​ကျေးဇူးပါ​နော်။ Vote​လေး​တွေComment​လေး​တွေ ရက်ရက်​ရော​ရော ​ပေးခဲ့ကြတဲ့အတူး​လေး​တွေ​ရော၊ တိတ်တဆိတ်​လေးပဲ အား​ပေးခဲ့ကြတဲ့အတူး​လေး​တွေ​ရော အကုန်လုံးကို​​ကျေးဇူးတင်ပါတယ်​နော်။ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ရင်ထဲအသည်းထဲက​နေတန်ဖိုးထားရပါတယ်ဗျား။

​ကျေးဇူးတင်လွှာ​လေးပြီး​တော့ ထပ်​ပြောချင်တာက​တော့ ဒါ​လေး​ရေးတုန်း ရွှန်းကြုံခဲ့ရတာလေး​တွေပါ။ အင်း အယ့်တာ​တွေကို ဘယ်လို​ခေါ်ရမလဲ​တော့ မသိဘူး​ရယ်။ အ​နှောင့်အယှက်အတိုက်အခိုက်ပဲ​ခေါ်မလား ဘာ​ခေါ်မလဲ​​ပေါ့​နော်....

ပထမဆုံးအ​နေနဲ့ ရွှန်းကိုmessage  boxက​နေ​လာ​ပြောပါတယ်။ ဒါ​တွေဒီ​လောက်ဖြစ်​နေတာ​တောင် စာ​တွေတင်​နေတာ အရှက်မရှိဘူးလား ဆိုတဲ့စကား​လေးပါ။

ကဲ ​ဖြေကြည့်ကြပါဦး။ ရှက်စရာဘာများပါသလဲ​နော်။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်​လေ​​​နော်။ ​ဖေ​ဖေ​ဆေးရုံတင်ထားရလို့ ကိုယ်လူနာ​စောင့်ရတဲ့​နေ့​တွေရှိတယ်။ ​မေ​မေ​စောင့်​​ပေးတဲ့​နေ့​တွေဆို အိမ်က​နေ လိုတာ​တွေလုပ်​ပေးရတဲ့​နေ့​တွေရှိတယ်။ အယ့်​တော့ သူများ​တွေလို ​နေ့တိုင်းလမ်းထွက်မ​နေနိုင်ဘူး။ လမ်းမထွက်ချင်တာထက် ကိုယ့်မှာလည်း ကိုယ့်အခက်အခဲနဲ့ကိုယ်​လေ​နော်။ ဒါ​ကြောင့်ကိုယ်နိုင်တဲ့ဘက်က​နေ သတိ​ပေးတယ်။ ဂရုစိုက်ဖို့မှာပေးတယ်။ ပြီး​တော့ ရွှန်းစာ​တွေဘာလို့တင်​ပေး​နေတယ်ဆိုတဲ့အ​ကြောင်းပြချက်ကတစ်ခုတည်းရယ်ပါ။ မင်းတို့​လေး​တွေပင်ပန်း​လာတဲ့အခါ အနည်းဆုံး​တော့ ဒီ​နေရာ​လေးကိုအပန်း​ဖြေဖို့​ရောက်လာကြမယ်လို့ထင်မိလို့။ ဒီကာလကြီးမှာ သူသူကိုယ်ကိုယ်အလုပ်ရှုပ်​နေလို့ စာ​တွေမတင်​ပေးနိုင်ကြတဲ့အချိန် မင်းတို့​လေး​တွေအတွက်ဖတ်စရာမရှိမှာစိုးလို့။ ကိုယ်လုပ်​ပေးနိုင်တာ စာ​လေး​ရေးပြီး မင်းတို့​လေး​တွေ စိတ်အပန်း​ဖြေနိုင်​အောင်လုပ်​ပေးနိုင်တာတစ်ခုတည်းရှိတာမို့။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now