Part 8

24.2K 2.8K 173
                                    

​ခေတ်တို့သုံး​ယောက်ညစာစားပြီး​တော့ဧည့်ခန်းမှာ​ဝိုင်းထိုင်ကာ​ခေတ်ကိုစာသင်ခြင်းလုပ်ငန်းကိုလုပ်​နေ​လေရဲ့....​မောင်က​တော့​ခေတ်ကိုစာသင်​ပေးရပြီး ရှင်းလျှန်က​တော့ထုံးစံအတိုင်း​လေး​ကြောင်းမျဥ်းအကွက်ချ​ပေး​နေ​လေရဲ့.....

"Apple အဲလ်းပဲး လိုက်ဆို"​မောင်က​ပြော​တော့​ခေတ်က​မောင့်အသံထွက်ကို​သေချာနား​ထောင်ကာ...

"Apple အီးပဲ့ ဟုတ်သလားကွ"

"အာ မဟုတ်ဘူး​ခေတ်ရဲ့ အဲလ်း လျှာ​လေးကိုလိပ်လိုက်"​မောင်က​ခေတ်ကိုသူ့နှုတ်ခမ်းကို​သေချာကြည့်​စေပြီးလျှာ​လေးလိပ်ကာလုပ်ပြ​တော့ အား​တွေပါ​နေ​​​သောခေတ်မှာ ​ခေါင်း​လေး​မော့ မျက်လုံး​လေးပြူး၍ ​အားတက်သ​ရောနှင့် လျှာ​လေးလိုက်လိပ်ကာ အသံလိုက်ထွက်​လေသည်

"အလ်"

"ဟားဟား အင်းဟုတ်ပြီ ပြီးရင် ပဲး အဲလ်းပဲး ရလား"​မောင်က​မေး​တော့​ခေတ်က​ခေါင်းကိုတဆက်ဆက်ငြိမ့်လျက်

"အင်း a p p l e အဲပဲ အယ့်လိုလားကွ"

"ဟားဟား..."​ခေတ်အသံ​လေးကိုစားပွဲ​ထောင့်ကရှင်းလျှန်ကသ​ဘောတကျနှင့်ထရယ်​လေသည်.....

"မရယ်နဲ့​လေရှင်းလျှန်​လေးရ"

​ခေတ်ကထိုသို့​ပြော​တော့ရှင်းလျှန်​က လက်က​လေးကာကာ မရီ​တော့ဘူးဆိုသည့်ပုံ​လေးနှင့် ​မောင်တစ်​ယောက်က​တော့မျက်​ထောင့်နီနှင့်သာကြည့်​နေ​လေရဲ့......

"​ရော့ အယ့် appleကို ၁၀မျက်နှာ​ရေး...ဆို​ရေး​နော် ပြီးမှလာအိပ် ကျွန်​​တော်အိပ်နှင့်ပြီ"

​ခေတ်လက်ထဲသို့ခဲတံကိုထိုးထည့်ကာထွက်သွား​လေ​သော​မောင်

​တွေ့လား ငါ့​ရဲ့မောင်ကအယ့်လိုက​လေးဆန်ပါတယ်ဆို......

​မောင့်စကားအတိုင်း​ခေတ်က​တော့ ခဲတံ​လေးကိုင်လို့ ၁၀မျက်နှာမပြည့်မချင်း​ရေးရန်ကြိုးစား​နေ​လေရဲ့....တဖြည်းဖြည်းဥာဏ့်နက်လာတာနဲ့အမျှ ​ခေတ်နဲ့အတူ​ထိုင်​​စောင့်​​ပေး​နေ​သောရှင်းလျှန်မှာလည်း စားပွဲနဲ့​ခေါင်းနဲ့မိတ်ဆက်​နေ​လေပြီ......

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now