Part 2

39.1K 3.8K 400
                                    

​ဆေးခန်း​ရောက်​တော့လည်းထိုလူသားသည်အရာအားလုံးကိုအထူးအဆန်းသဖွယ်မျက်လုံး​လေးကလယ်လယ်နှင့်လိုက်ကြည့်​နေတာ​ကြောင့်​မောင့်မှာရှက်လာရသည်....နီရဲ​နေ​သောအသားအရည်နှင့်ဝတ်ထားတာကလည်းကျပ်မပြည့်သည့်က​လေးနှယ်...ဒီ့အပြင်ခန္ဓာကိုယ်ကိုပတ်ချာလည်လှည့်ပြီးပါးစပ်အ​ဟောင်းသားလုပ်​နေ​သော​ခေတ်ထူးထူး​ခေတ်​ကြောင့်လူအများကလည်းဝိုင်းအာရုံစိုက်​နေကြ​လေသည်.....

"ဟား...စိတ်ရှုပ်စရာပဲကွာ"

​​မောင်တစ်​ယောက်စိတ်ပျက်စွာငြီးတွားရင်းအ​ရေပြားဌာန​ရှေ့မှာသာထိုလူသားနှင့်အတူ ထိုင်​စောင့်​နေလိုက်သည်။ခဏကြာ​တော့သူနာပြုမ​လေး၏"​ခေတ်ထူးထူး​ခေတ်"ဆို​သော​ခေါ်သံ​ကိုအာပြဲနဲ့ "ကျုပ်ဒီမှာဗျ"ဟုအော်ထူး​သော​ခေတ်​ကြောင့်​မောင်​ခေါင်းခါရင်းသာစုပ်သတ်မိသည်......

​​ဒေါက်တာက​ဆေးထိုး​တော့လည်းအပ်က​သေးလို့တဲ့သူ့ကို​ဆေးထိုးသတ်မလို့လားဆိုပြီး​အော်ကာဟစ်ကာရုန်း​သေးသည်...သူတို့ရွှာကလို​ဆေးထိုးအပ်အကြီးကြီး​တွေမဟုတ်လို့တဲ့​လေ....​ဆေးထိုးပြီးပြန်​တော့လည်းမနာလို့တဲ့...သူ့အ​ရေပြား​တွေကိုတမင်ထုံ​အောင်လုပ်လိုက်သလားတဲ့.....

ထိုလူ့ဂွစာ၏စကား​တွေ​ကြောင့်မကြည်သာ​တော့​သောဆရာဝန်ကြီး၏မျက်နှာနှင့်သူနာပြုမ​လေး၏မျက်နှာကိုသူ့မှာ​စေ့​စေ့​တောင်မကြည့်ရဲ့....သ​ကောင့်သားက​တော့သူ​ပြောချင်ရာ​တွေ​ပြောလို့ဖင်ကိုလက်ဖြင့်ပွတ်ကာထွက်သွား​လေရဲ့......

ဘဝက​နေ့ချင်းညချင်းအရူးတစ်​ယောက်​ကောက်ရလိုက်သလို.....

​ဆေးခန်းကပြန်ထွက်လာ​တော့ကား​​ပေါ်မှာ​ခေါင်းခန်းကထိုင်ပြီးမှန်ကြီးကိုမျက်နှာအပ်လို့အပြင်ကိုတအံ့တသြ​ငေးကာပါလာ​လေပြန်ရဲ့.....​ဆေးထိုးလိုက်တာ​ကြောင့်နီရဲတာ​တွေနဲနဲသက်သာသွားသလိုပင်....

"ဒီမှာခဗျား"

"​ပြောဗျ.."

"ခဗျားတကယ်ပဲရွာကလာတာလား"သူ​မေး​တော့​ခေါင်းကိုဆက်ခနဲသူ့ဘက်လှည့်လာပြီးလက်သီးစုပ်ကာအားကျိုးမာန်တက်နဲ့​ဖြေ​လေသည်....

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now