Part 43

23.1K 2.1K 128
                                    

​နေမင်းရဲ့အလင်း​ရောင်ခြည်​လေးသည် သြကာသ​လောကကို အလင်း​ဆောင်ချိန်တွင်တစ်စုံတစ်ရာ​သော အရာ​လေးတစ်ခုသည် အိပ်ရာထက်လူးလူးလွန့်လွန့်​လေးဖြစ်​​နေ​လေပြီ။ ထိုအရာ​လေးက​တော့ မနက်ခင်း၆နာရီဆိုတာနဲ့ နှိုးစက်မကူ၊ လူမကူနဲ့ နှိုးစရာမလိုဘဲနိုးတက်သူ ခေတ်နဲ့​မောင်ရဲ့အလယ်က ​ရွှေဘူဘူးပင်။

နိုးတာနဲ့ မျက်လုံးနှစ်လုံးကိုဖွင့်လိုက်ရင်း ပက်လက်အ​နေအထားက​နေ ​မှောက်ယက်​လေးဖြစ်​အောင် ကစ်တုတ်​နေ​သော သူ့ခန္ဓာကိုယ်ကိုလှိမ့်ချလိုက်သည်။ လှိမ့်ချပြီး​မှောက်ယက်ဖြစ်သွားတာနဲ့ ကစ်တုတ်​နေ​သော သူ့လက်ဖူးဖူး​ဖောင်း​ဖောင်း​လေး​တွေကိုအားပြုရင်း လုံးဝန်း​နေ​သော​ခေါင်းကို​ ဆက်ကနဲထောင်လိုက်သည်။ ထို့​နောက်ဖင်​လေးလှူပ်လှုပ် လှုပ်လှုပ်နဲ့တီ​ကောင်သွားသွားကာ အိပ်​ပျော်​နေ​သော ​ခေတ်​ဘေးသို့တဖြည်းဖြည်းလှိမ့်ကပ်သွား၏။ ၆လသားအရွယ်​လေးမို့ အ​မောင်​ရွှေဘူဘူး​လေးသည် ​လေးဖက်ကုန်းချင်​နေ​လေပြီ။ သို့​သော် သာမာန်က​လေးထက် ပို၍ကစ်တုတ်​နေ​​သော သူ့ခန္ဓာကိုယ်​သူ မနိုင်တာ​ကြောင့် ​လေးဖက်ကုန်းသွားနိုင်ဖို့​တော့ ​​တော်​တော်​လေးကြာဦးမည်ထင်။

"ဖက်!"

"အ့!"

​ရွှေဘူဘူး၏ ကစ်တုတ်​နေ​သော ​​ခြေ​ထောက်နီတာရဲ​လေးများသည် ​ခေတ်နဲ့သူ့အနားသို့ကပ်အိပ်​နေ​သော ​​မောင့်​မေး​စေ့ထံလှမ်းကန်လိုက်သည်​ကြောင့် ​မောင့်မှာနာနာကျင်ကျင်နဲ့​ "အ့"ကနဲအော်ကာနိုးလာရသည်။

"​​ရွှေဘူး မင်း!"

အားအပြည့်နဲ့ တုတ်ခိုင်လှ​သော ​ခြေ​ထောက်​တွေရဲ့ကန်ချက်​ကြောင့် ​မောင်နိုးလာ​တော့ မျက်စိ​ရှေ့က​ အဘူး​ကောင်​လေးသည် တခစ်ခစ်နဲ့ရယ်​နေ​လေသည်။ ဒါဒင်းသက်သက်လုပ်တာ။ မိုးလင်းတိုင်းသူ့မျက်စိနှစ်လုံးပွင့်တာနဲ့ ​ဘေးနားမှာအိပ်​နေတဲ့သူ့ဖ​အေကိုဘယ်​တော့မှ မနှိုး ​မောင့်ကိုသာ မှီရာ​မေး​စေ့ကို သူ့​ခြေ​ထောက်ကစ်ကစ်​သေး​သေး​လေး​တွေနဲ့ကန်နှိုးတက်သည်။

"ဘာလဲ ဘာလဲ ငါအိပ်​နေတယ်​လေ။ မင်းကစိတ်ပုတ်လှချည်လား။ တစ်​နေ့လုံး​တော့ မင်းအ​ဖေနဲ့ပဲ​နေပြီး အီးပါ ရှူး​ပေါက်​တော့ ငါ့​ပေါ်ပါတယ်၊​ပေါက်တယ်။ ဟင်...မိုးလင်းနှိုး​တော့လည်း ငါ့ပဲ၊ ညကျ နို့ဆာ​တော့လည်း ငါ့ပဲ မင်း​နော် မင်း မင်း!"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now