Chapter - 38

4.6K 1K 38
                                    

[Zawgyi]

{အိမ်လုပ်အသားညှပ်ပေါင်မုန့်}

လင်ရှုယီသည် ရှန်ဖူက ဘယ်သူဖြစ်လဲဆိုတာကို ပထမဆုံးအကြိမ်မေးခွန်းထုတ်လာမိ၏။ ဘယ်သူပဲဖြစ်ဖြစ် ဒါက သူအရင်ကတွေးမိတာနဲ့တော့ လုံးဝကိုကွာခြားနေပုံရသည်။

အကြောင်းကား နောက်တစ်ရက်တွင် လူတစ်ယောက်က ရှန်ဖူ့ကိုလာရှာသောကြောင့်ဖစ်၏။ လင်ရှုယီရဲ့သိချင်စိတ်ပြင်းပြနေတဲ့အကြည့်ကိုမြင်လိုက်ရသည့်ရှန်ဖူမှာ ဒုက္ခရောက်နေရှာသည်။ သူက တစ်ခြားလူကို အပြင်မှာစောင့်ခိုင်းလိုက်ပြီး တစ်စုံတစ်ခုကို လင်ရှုယီမကြားနိုင်အောင်ဆွေးနွေးကြ၏။

ထိုလူထွက်သွားပြီးနောက် ရှန်ဖူသည် ဘာမှမဖြစ်ခဲ့သည့်ဟန်ဖြင့်ပြန်ဝင်လာကာ လင်ရှုယီကိုပြောသည်။

"ယန်ရှောင်က ထောင်ထဲမှာ ခဏလောက်တော့နေရလိမ့်မယ်၊ ပြီးတော့ သူ့အတွက် လွယ်ကူမှာမဟုတ်ဘူး။ သူ့ကို လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးမယ့်လူတစ်ယောက်လိုမယ်လို့ ကိုယ်ထင်တယ်။"

လင်ရှုယီတွင် ထိုကိစ္စအတွက်ကန့်ကွက်စရာမရှိပေ။ သူတို့က ရှန်ဖူ့ကို အခြေအနေကိုလာရှင်းပြတယ်ဆိုတာ သိသာနေသည်။ နောက်ပြီး ထိုလူက လင်ရှုယီကို အကြိမ်အနည်းငယ်ခန့် ထူးဆန်းစွာကြည့်သွားသေး၏။

ရှန်ဖူက တကယ်ပဲဘယ်သူလဲဆိုတာ သူမေးလိုက်ချင်မိသော်လည်း အတွေးကိုပြန်ရုတ်သိမ်းလိုက်သည်။ သူ(ရှန်ဖူ)သာပြောပြချင်ရင် သူ့ကိုပြောပြပြီးလောက်ပြီ၊ သူ(ရှန်ဖူ)မပြောပြချင်ရင်တော့ သူကလည်းမေးနေမည်မဟုတ်ပေ။

လင်ရှုယီက ခေါင်းကိုသာငြိမ့်ပြကာ ထပ်ပြီးမေးမည့်ပုံမပေါ်တာကြောင့် ရှန်ဖူ့ခမျာ စိတ်ဓာတ်ကျသွားရှာ၏။ ဒီတော့ သူ့ရဲ့လျှို့ဝှက်သလိုနေဖို့ကြိုးစားနေတဲ့ပုံက လင်ရှုယီဆီက အာရုံစိုက်မှုသေးသေးလေးတောင်မရဘူးပေါ့လေ?! သူက ဘာလို့ အရမ်းသနားစရာကောင်းနေရတာလဲ?

ရှီချင်စားသောက်ဆိုင်က ဖျက်ဆီးခံထားရသည်မို့ ဒီနေ့တော့ သူတို့နှစ်ယောက်သညိာပ်ရာထဖို့ဟအလျင်မလိုကြချေ။ ဆိုင်က ခဏလေးအတွင်းပြန်ကောင်းလာမည်လည်းမဟုတ်ပေ။ ပထမတော့ ဒါကိုသိသွားလျှင် အဖိုးအိုယန်ဝမ်းနည်းနေမှာကို လင်ရှုယီ စိုးရိမ်နေမိသော်ငြား တကယ်တမ်းတွင်တော့ အဖိုးအိုယန်က ဒါကိုစိတ်ထဲထားပုံမပေါ်ပါချေ။ သူတို့ ဒီအခွင့်အရေးကိုအသုံးချပြီး ရက်နည်းနည်းလောက်အနားယူလို့ရတာမို့ အဆင်ပြေပါတယ်လို့ပင် သူက လင်ရှုယီကို နှစ်သိမ့်နေသေး၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now