Chapter - 112

1.3K 238 3
                                    

Unicode

၁၁၂။ အမဲသားချိစ်ဘာဂါ
________________

နေထွက်လာကာ ရွှေဝါရောင်နေခြည်တို့က ကုန်းမြေတစ်ခွင်ပက်ဖြန်းလာပြီး စန်တာမိုနီကာကမ်းခြေသို့ လူတွေပိုရောက်လာချိန်၌ ရှန်ဖူနဲ့လင်ရှုယီတို့ပြန်ခဲ့ကြသည်။ ကမ်းခြေနားရှိဟမ်ဘာဂါဆိုင်မှာ မနက်စာအတွက် သူတို့ ဟမ်ဘာဂါနှစ်လုံးဝယ်လိုက်ကြသည်။

ဒါက လင်ရှုယီ ဟမ်ဘာဂါစားဖူးတာပထမဆုံးအကြိမ်မဟုတ်ပေမယ့်လည်း ရှောင်ယွီ့ကို သူ KFCခေါ်သွားဖူးတဲ့အကြိမ်တွေပါပေါင်းမှ ငါးကြိမ်ထက်ပိုမစားဖူးပေ။ ဟမ်ဘာဂါက ပုံစံအတူတူပဲဖြစ်ပေမယ့် အရသာက လုံးဝကွဲပြားသည်။

ဟမ်ဘာဂါက အတော်လေးကြီးကာ အသားတွေအများကြီးပါသည်။ အမဲသားကင်ဆော့စ်တွေအများကြီးထည့်ပေးထားပြီး အသားကင်က အရသာရှိလှပေမယ့် လင်ရှုယီကား ငေးငိုင်ကာစားလျက်ရှိချေသည်။ အကျင့်ဖြစ်နေသည့်တိုင် သူ သူ့ဘယ်လက်ကို ကြည့်ချင်စိတ်တယားယားဖြစ်နေရသည်။ သူ့လက်သန်းကြွယ်ရှိလက်စွပ်မှာ တောက်ပလွန်းနေရကား သူ အရေးမစိုက်ဘဲနေချင်လျှင်တောင် သူ့အတွက် မကြည့်မိဘဲနေဖို့ခက်သည်။

ကားစတီယာရင်ပေါ်မှာရှိနေတဲ့ရှန်ဖူ့လက်ကိုလည်း သူကြည့်မိသည်။ တူညီတဲ့ဒီဇိုင်းနဲ့လက်စွပ်တစ်ကွင်းက တူညီတဲ့နေရာမှာပဲနေရာယူထားသည်။ ကြည့်တတ်တဲ့လူတွေသာဆို ဒါက စုံတွဲလက်စွပ်မှန်း တစ်ချက်ကြည့်ရုံနှင့်ပင်ပြောနိုင်၏။

သူတို့တွေက သာမန်နေ့ရက်တွေအများကြီးကို အတူတူဖြတ်သန်းခဲ့ကြပြီးပြီဖြစ်၏။ သို့တိုင် ယခုအချိန်မှသာ သူ့မှာ အချစ်ရဲ့ခံစားချက်တချို့ရှိနေမှန်း လင်ရှုယီသိခဲ့ရတာဖြစ်သည်။

ရှန်ဖူ့ဘေးတိုက်မျက်နှာသည်ပင် ပိုမိုဆွဲဆောင်မှုရှိနေ၏။

နောက်ဆုံးတော့ ရှန်ဖူ ဆက်ဟန်ဆောင်မနေနိုင်တော့ပါချေ။ သူက လင်ရှုယီဘက်ကိုလှည့်ကြည့်ကာ ခပ်တိုးတိုးရယ်သည်။

"မင်း ကိုယ့်ကို အဲ့လိုပဲဆက်ကြည့်နေမယ်ဆိုရင် ကိုယ် ကားရပ်ပြီး မင်းကိုနမ်းရလိမ့်မယ်။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now