Chapter - 17

5.6K 1.1K 50
                                    

[Zawgyi]

{အသားပေါင်းနှပ်}

ရှီချင်စားသောက်ဆိုင်က ရက်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေခဲ့၏။ အဖိုးအိုယန်ရဲ့စကားတွေက အရမ်းကိုခိုင်မာနေတာကြောင့် သူ့သားအနေနဲ့ နောက်တစ်ကြိမ်ထပ်မလာရဲလောက်တော့ဘူးလို့ လင်ရှုယီတွေးလိုက်မိသည်။ နောက်ဆုံး၌မူ ဤဆိုင်သည် အဖိုးယန်ပိုင်သည့်စားသောက်ဆိုင်ဖြစ်သဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် ဤဆိုင်ကိုရောင်းမည်၊ မရောင်းဘူးဆိုသည့် အပြီးသတ်ဆုံးဖြတ်ပြောဆိုပိုင်ခွင့် အဖိုးအိုယန်မှာရှိပေသည်။

တစ်ဖက်မှာတော့ ကိစ္စတွေက ဒီလောက်မရိုးရှင်းဘူးလို့ ရှန်ဖူကတွေးလေသည်။အထူးသဖြင့် အဖိုးအိုယန်ရဲ့မြေးသည် ငယ်ရွယ်သော်လည်း အနည်းငယ်အကြံအစည်ကြီးသည့်ပုံပေါ်သည်။ သို့သော်လည်း နှစ်ရက်မကကုန်လွန်သွားပြီးနောက် လင်ရှုယီနဲ့အဖိုးအိုယန်က ဒီကိစ္စကိုခေါက်ထားလိုက်တာမြင်တဲ့အခါ ဘာမှပြောစရာမလိုတော့ဘူးလို့ ရှန်ဖူတွေးလိုက်သည်။ သူ သူတို့ကို စိတ်ဓာတ်မကျစေလိုပါ။

အနောက်တိုင်းပုံစံကိတ်မုန့်ဆိုင်အသစ်တစ်ဆိုင်က ချောင်ယောင်လမ်းထဲမှာ ဖွင့်လှစ်လာ၏။ သူတို့ရောင်းတဲ့အချိုပွဲတွေကလည်း အထူးပင်ကောင်းမွန်လှသည်။ လင်ရှုယီက တစ်ကြိမ်သာသွားရသေးပြီး သူတို့ဆိုင်ရဲ့အထိမ်းအမှတ်ဖြစ်တဲ့ ချောကလက်အချိုပွဲကို နှစ်သက်သွားတော့သည်။

လင်ရှုယီက ချိုတဲ့အစားအစာတွေကို အထူးပင်နှစ်သက်လှကြောင်း ရှန်ဖူသိသွားပုံပေါ်သည်။ တစ်ခုခုက ချိုနေလျှင် လင်ရှုယီက ထိုအရာကိုနှစ်သက်သည်။ သို့သော်လည်း ဒါကပင် သူ့ကိုအရင်က အချိုတွေအများကြီးမစားဖူးတဲ့ပုံဖြစ်နေစေ၏။ ရှန်ဖူက သူ့အတွက် ချောကလက်ဝယ်လာတဲ့အခါ လင်ရှုယီတစ်ယောက် တစ်ကိုက်,ကိုက်လိုက်ပြီးသည်နှင့် သဘောကျသွားတတ်၏။ ထိုအချိန်မှစကာ စားစရာတစ်ခုခု၌ 'ချောကလက်'ဆိုသည့်စကားလုံးပါနေသည်ကို လင်ရှုယီမြင်လျှင် သူက အဲ့ဒါကို သေချာပေါက်စားမည်ဖြစ်၏။

ပြီးတော့ ဒါက မုန့်စားတဲ့အခါမှာတင်မကသေး...သူ့ဖုန်းထဲမှာ ဓာတ်ပုံတစ်ပုံမြင်လျှင်တောင် လင်ရှုယီက ထိုပုံကို အကြာကြီးစိုက်ကြည့်နေပေလိမ့်မည်။ ထိုအချိန်မှစပြီး ရှန်ဖူက ကိတ်မုန့်ဆိုင်အနီးကနေ သူဖြတ်သွားတိုင်း လင်ရှုယီအတွက် ချောကလက်အချိုပွဲတစ်ပွဲသွားဝယ်ပေးတတ်လာ၏။ လင်ရှုယီရဲ့မျက်လုံးထဲက ဝမ်းသာတဲ့အရိပ်အယောင်တွေကိုတွေ့တိုင်း သူဘယ်တော့မှမပြုံးဘဲမနေနိုင်ပါချေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now