Chapter - 118

1.6K 147 7
                                    

Unicode

၁၁၈။ မင်္ဂလာတေးဂီတ

နောက်နေ့မနက်အစောမှာ တစ်အိမ်လုံး အုတ်အော်သောင်းတင်းဖြစ်နေကြသည်။

အဖိုးအိုရှန်နဲ့ ရှန်ဖူ့မိဘတွေက သဲလွန်စရှာမရဘဲ ပျောက်နေသည်၊ ရှန်ယန်နဲ့ကျန်းချန်ကတော့ မနက်စာစားနေ၏။ သူတို့ရဲ့ဝတ်စုံတွေကို မနေ့ညကပို့ထားပြီဖြစ်ပြီး မနက်စာစားပြီးတာနဲ့ သူတို့ ဘုရားကျောင်းကို သွားရမည်ဖြစ်သည်။

အားလုံးက ခဏလေးတောင်မနားဘဲ အလောတကြီးဖြစ်နေကြကာ တစ်ဖက်မှာတော့ ဒီနေ့ရဲ့အဓိကလူနှစ်ယောက်မှာ ဘာမှလုပ်စရာမရှိဘဲဖြစ်နေ၏။ ဒါက ရှန်ယန် ဘုရားကျောင်းကိုမသွားခင် သူတို့အခန်းတံခါးကိုလာခေါက်ချိန်အထိပင်။

"ငါတို့အကုန်အဆင်သင့်ဖြစ်နေပြီ၊ မင်းတို့နှစ်ယောက် မြန်မြန်ထပြီးအသင့်ပြင်တာအကောင်းဆုံးပဲနော်။"

ရှန်ဖူ မယုတ်မလွန်အဖြေတစ်ချက်ပေးလိုက်ပြီးနောက် ရှန်ယန်နဲ့ကျန်းချန်တို့ထွက်သွားကြသည်။

ရှန်ဖူနဲ့လင်ရှုယီကလွဲပြီး တစ်အိမ်လုံးမှာ လူမရှိပေ၊ ရှောင်ယွီနဲ့ထောင်ထောင်တို့ပင် အစောကြီးထကာ မေမေရှန်နဲ့ ဘုရားကျောင်းလိုက်သွားကြ၏။

မင်္ဂလာအခမ်းအနားကို မနက်ဆယ့်တစ်နာရီမှာစမှာဖြစ်ပြီး နေ့လည်တစ်နာရီမှာ နေ့လည်စာဗူးဖေးကျွေးမွေးမည်ဖြစ်သည်။ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့မိသားစုဝင်တွေပဲလာကြတာမို့ မင်္ဂလာအခမ်းအနားက ကြီးကျယ်သော်ငြား အရမ်းကြီးထုံးစံမကျပေ။ တေ့လည်စာဗူးဖေးကို ဘုရားကျောင်းနဲ့သိပ်မဝေးတဲ့ Alanရဲ့ဟိုတယ်ဥယျာဉ်ထဲမှာကျွေးမှာဖြစ်သည်။

အခန်းထဲမှာတော့ လင်ရှုယီက ကုတင်ပေါ်မှာ သူ့ပါးစပ်ကိုလက်နဲ့အုပ်ထားရင်းရှိနေပြီး ရှန်ဖူ သူ့ကိုယ်ထဲနက်ရှိုင်းစွာတိုးဝင်လိုက်တိုင်း သူ့ညည်းညူသံတွေကို မြိုသိပ်နေသည်။ ရှန်ဖူ ပင့်သက်ရှိုက်လိုက်သည်၊ ချွေးတွေက သူ့အသားညိုညိုပေါ်ကနေ လင်ရှုယီရဲ့ကျောပြင်ဖြူဖြူပေါ်ကျရောက်သွားရင်း စိတ်ကြွစေသည့်ဆန့်ကျင်ဘက်မြင်ကွင်းကိုဆောင်နေသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now