Chapter - 110

1.4K 232 3
                                    

Unicode

၁၁၀။ ပန်းသီးသကြားပိုင်မုန့်
______________________

ဒီတစ်ကြိမ်မှာ လူအတော်များတာမို့ Alanက အားလုံးကိုကြိုဖို့အတွက် ကားငါးစီးယူလာသည်။ အထုပ်အပိုးတွေက သိပ်မများသော်ငြား အားလုံးပေါင်းလိုက်ချိန်မှာ ကားတစ်စီးပြည့်သွားသည်။ ထောင်ထောင့်ပစ္စည်းတွေက နေရာအယူဆုံးဖြစ်ပေ၏။ လက်ဆွဲအိတ်အကြီးကြီးတစ်လုံးထဲမှာ သူလိုအပ်တဲ့ပစ္စည်းတွေနဲ့ပြည့်နေသည်။ သူတို့ယူမလာဘဲ အိမ်မှာထားရစ်ခဲ့တဲ့ပစ္စည်းတွေအများကြီးရှိသေးသည်။

ရှန်ဖူတို့မိသားစုက အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်၊ မျက်လုံးပြာတွေနဲ့ နှာတံပေါ်ပေါ်ဒေသခံကျွမ်းကျင်ယဉ်မောင်းရှိနေတဲ့ကားထဲမှာထိုင်လိုက်ကြသည်။ သူက ရှန်ဖူတို့ရောက်လာသည်နှင့် အပြုံးဖြင့်ကြိုဆို၏။ သူက အားလုံးကို တရုတ်စကားမပီမသဖြင့်နှုတ်ဆက်သည်။

"လော့စ်အိန်ဂျလိစ်ကနေ...ကြိုဆိုပါတယ်။"

လင်ရှုယီက ခပ်ဖျော့ဖျော့သာပြုံးသည်။ အမှန်အတိုင်းဆိုရလျှင် အမျိုးသားဘာပြောလိုက်တယ်ဆိုတာ သူနားမလည်သော်ငြား နားလည်လေဟန်နှင့် ဟန်လုပ်ပြုံးပြခြင်းဖြစ်၏။

ရှန်ဖူက သူ့ကိုကြည့်ကာရယ်တော့သည်။

ထို့နောက် သူက တစ်ဖက်လှည့်ကာ ကားမောင်းသမားကိုပြောသည်။

"ကျေးဇူးပါဗျာ။"

သူက အင်္ဂလိပ်စကားကို ညက်ညောပြေပြစ်စွာဆိုသည်။

Alanက ဒီကားကို သူတို့အတွက် အထူးတလည်ပြင်ဆင်ပေးထားတာဖြစ်သည်။ ရှောင်ယွီနဲ့ထောင်ထောင်တို့အတွက် သီးသန့်ထိုင်ခုံတွေကို ကြိုထည့်ထားပြီးသားဖြစ်၏။ လင်ရှုယီက ထောင်ထောင့်ကို သူ့ခုံပေါ်တင်ပေးကာ ထိုင်ခုံခါးပတ်,ပတ်ပေးလိုက်သည်။ ထောင်ထောင်ကား မကျေမနပ်ဖြစ်နေရှာ၏။ သူ ထိုင်ခုံမှာ ဒီလိုမျိုးတုပ်ချည်ခံထားရတာကိုမကြိုက်ပေ၊ အထူးသဖြင့် အပြင်ကအရာတွေအားလုံးကို သူ စူးစမ်းချင်နေချိန်မှာဖြစ်၏။ သူက သူ့ကိုယ်လေးကို အသာအယာရွှေ့ကာမျက်မှောင်ကုတ်သည်။

"ပါပါး၊ ချီ!"

လင်ရှုယီက သူ့ခေါင်းကိုခပ်ဖွဖွပုတ်သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now