Chapter - 53

4.4K 838 8
                                    

Unicode

Macarons
_________

နမ်းပြီးနောက်တွင် တိတ်ဆိတ်ငြိမ်သက်မှုကြီးစိုးလာကာ လင်ရှုယီရော ရှန်ဖူပါ စကားတစ်ခွန်းမဆိုမိကြ။ အခန်းက အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေခဲ့သည်။ ရှန်ဖူက လက်တစ်ဖက်မှာ ဝိုင်နီခွက်ကိုကိုင်ကာထိုင်နေပြီး သူ့မျက်လုံးတွေက လင်ရှုယီရဲ့မျက်နှာထက်က တစ်ခါမှမခွာချေ။ လင်ရှုယီက ဖုန်းကိုစိတ်ဝင်တစားကြည့်ကာထိုင်နေပြီး ရှန်ဖူက ဘာမှမရှိတဲ့လေထုကြီးတစ်ခုအလား သူ့ကို အကြည့်လေးတစ်ချက်ပင်မစွန့်ကြဲပေ။

သူက အခုလေးတင် ရှန်ဖူနဲ့နမ်းခဲ့သော်လည်း လင်ရှုယီမှာ စိတ်ကူးယဉ်တတ်သူမျိုးမဟုတ်‌ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့စိတ်က သူ ရှန်ဖူ့ရဲ့အကြံပေး‌ချက်တွေကို လိုက်နာသင့်လားဆိုတာသိချင်နေရင်း ယုတ္တိဗေဒတွေကြားမှာ ပြေးလွှားနေ၏။ လင်ရှုယီမှာ အရင်က တစ်ခါမှချစ်သူမထားခဲ့ဖူးတာမို့ သူက ယောက်ျား‌လေးတွေကိုသ‌ဘောကျတာလား၊ မိန်းကလေးတွေကိုသ‌ဘောကျတာလားပင်မသိချေ။ ထို့အတွက် လင်ရှုယီ၏ အချစ်ရေးအတွေ့အကြုံမှာဘာမှမရှိပေ။ သို့သော်လည်း ရှန်ဖူနဲ့ချစ်လာဖို့ဆိုတာကလည်း မဖြစ်နိုင်တာတော့မဟုတ်။ အဲ့လိုဖြစ်လာဖို့ ဝေးသေးတယ်ဆိုပေမယ့်လည်း ရှန်ဖူ သူ့ကိုနမ်းနေချိန်မှာ သူ လုံးဝမရွံမိတာကြောင့်ဖြစ်သည်။ ဒါက အံ့ဩဖို့ကောင်းလောက်အောင် သဘောကျဖို့ကောင်းကာ သူ့တစ်ကိုယ်လုံးပင်ပူလောင်လာရသည်‌လေ။

ဒါကိုစဉ်းစားမည်ဆိုလျှင် ရှန်ဖူ့အပေါ် လင်ရှုယီရဲ့သဘောထားတွေက လုံးဝဆိုးရွားမနေ။ သို့သော်လည်း ဒီခေတ်သစ်မှာ လိင်တူကြိုက်တဲ့လမ်းက လျှောက်လှမ်းဖို့ခက်ခဲတာကို လင်ရှုယီသိသည်။ ဒါက တာ့ယန်နဲ့သိပ်မကွာခြားပေ။

တာ့ယန်မှာ ဘယ်သူကမှ ယောက်ျားလေးချစ်သူတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ကို သဘောမကျသလိုကြည့်လိမ့်မည်မဟုတ်သော်လည်း အဲ့ယောက်ျားလေးချစ်သူကို လက်ထပ်ဖို့ဆိုတာကတော့ ထိုသူ့အတွက်ထုံးစံမရှိပေ။ အဆုံးမှာတော့ ယောက်ျားတစ်ယောက်က ကလေးတွေရပြီး သူ့မိသားစုနာမည်ဆက်လက်တည်ရှိစေဖို့အတွက် မိန်းမယူဖို့လိုနေသည်ပင်။ တာ့ယန်မှာက လက်ထပ်ပြီးသားယောက်ျားတစ်ယောက်မှာ ချစ်သူတွေနဲ့ ကိုယ်လုပ်တော်တွေရှိနေသေးပေမယ့် ဒီနေ့ခေတ်မှာတော့ ယောက်ျားတစ်ယောက်က လူတစ်ယောက်ကိုပဲသစ္စာရှိရမည်ဖြစ်ပြီး သူ့ဘဝအဆုံးထိ ထိုလူတစ်ယောက်သာရှိနေရမည်ဖြစ်လေရာ ယခုခေတ်သစ်က တာ့ယန်ထက် အများကြီးပိုခက်ခဲသည်။

I'm a Chef in the Modern Era [Myanmar Translation]Unde poveștirile trăiesc. Descoperă acum