Chapter - 120

485 74 3
                                    

Unicode

၁၂၀။ အချပ်ပို(၂)

ကျန်းချန်ရူးနေလား၊ ရူးမနေဘူးလားဆိုတာကို ထပ်ပြောနေဖို့မလိုအပ်တော့။

ကားတံခါးတွေကို အခိုင်အမာပိတ်ထားကာ တံခါးဖွင့်ပြီးအပြင်ထွက်ဖို့ဆိုသည်မှာမဖြစ်နိုင်။ ဒါ့အပြင် ကားလေးက အရှိန်မှန်မှန်ဖြင့်ပြေးလွှားနေရကား အခုနေများ ကားတံခါးဖွင့်လို့ရရင်တောင် ရှန်ယန်က အပြင်ကိုခုန်ချရလောက်တဲ့အထိ ခေါင်းကြောမာတတ်သူမဟုတ်ချေ။ သို့သော်ငြား သူ တကယ်ပင်ဒေါသထွက်နေရသည်။ ရှန်ယန်တစ်ယောက် ဒေါသထွက်လွန်း၍ သူ့ရင်ဘတ်မှာ နိမ့်ခြည်မြင့်ချည်ဖြစ်နေကာ သူ ကျန်းချန်ကိုနည်းနည်းလေးမှကြည့်ချင်စိတ်ရှိမနေခဲ့ပေ။

ရှန်ယန်က မျက်လုံးတို့ကိုမှေးမှိတ်လိုက်ကာ စိတ်တည်ငြိမ်စေရန်အတွက် ခုံကိုမှီချလိုက်၏။ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို အမှတ်တစ်သိန်းနှစ်သောင်းလောက်အထိမြှင့်တင်လိုက်ရင်တောင်မှ ဒါက ကျန်းချန်လိုလူမျိုးတွေကိုဖြေရှင်းနိုင်ဖို့မလုံလောက်ဘူး၊ ကျန်းချန် ဘာတွေစဉ်းစားနေလဲဆိုတာ သူသေချာမသိသေးဘူးဆိုတဲ့အချက်ကို ထည့်ပြောနေစရာတောင်မလိုဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ သူ ကျန်းချန်နဲ့ ဒီလိုမရှင်းမလင်းဆက်လုပ်နေလို့မရတော့ဘူး။

အရင်တုန်းကလည်း ဒီလိုပဲ၊ ဒါပေမယ့် အဲ့တုန်းက သူ ဒါကိုနားမလည်ခဲ့ဘူး။ အခုတော့ သူ နားလည်သွားပြီမို့ တူညီတဲ့အမှားတစ်ခုကို သူ ဘယ်တော့မှနှစ်ခါကျူးလွန်မှာမဟုတ်တော့ဘူး။

ရှန်ယန် တည်ငြိမ်သွားတာကိုတွေ့တဲ့အခါ ကျန်းချန်က စကားဆက်မပြောတော့။ သူက ဒရိုင်ဘာကို ဘယ်သွားမယ်လို့မပြောသော်ငြား ဒရိုင်ဘာက တစ်နေရာကို တန်းတန်းမတ်မတ်မောင်းသွားသည်။ ကျန်းချန်က ဒီပြန်ဆုံစည်းမှုအတွက် ဟိုးအရင်တည်းကစီစဉ်နေတာမှန်းသိသာ၏။

နှစ်ယောက်သား တစ်ယောက်မှစကားမပြောတော့တာနဲ့ ကားထဲမှာ ချက်ချင်းပင်တိတ်ကျသွားရကာ ကျောချမ်းဖွယ်ကောင်းနေတော့သည်။ ဒရိုင်ဘာကတော့ သူ့ကိုယ်သူ အသက်ပဲရှူနေနိုင်တဲ့မမြင်ရတဲ့လူတစ်ယောက်လိုသဘောထားကာ တိတ်တိတ်ကလေးကားမောင်းနေချေသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now