Chapter - 34

4.5K 936 36
                                    

[Zawgyi]

{ပုစွန်ထမင်းပေါင်း}

ယန်ကျန်းကော်က ကျောင်းရွှယ်မေ့ကိုဆွဲခေါ်သွားခဲ့ပြီး ကျောင်းရွှယ်မေ့သည်တော့ တစ်လမ်းလုံးအော်ဟစ်ဆဲဆိုရင်းပါလာလေ၏။

"သူက လူရောဟုတ်သေးရဲ့လား? သူက သူ့မြေးကိုတောင်ဂရုမစိုက်တော့ဘူး၊ သူစိမ်းကမှ သနားတတ်သေးတယ်! သူ့မြေးက ဒီလိုကိစ္စမျိုးနဲ့ရင်ဆိုင်နေရတာကို သူက အိမ်တစ်လုံးအတွက်နဲ့ ကျွန်မတို့ကို စွန့်ပစ်လိုက်တယ်၊ သူက လူရောဟုတ်ရဲ့လား? မရဘူး၊ ကျွန်မ ဒါကိုလက်မခံနိုင်ဘူး၊ ကျွန်မ ပြန်သွားပြီး သူနဲ့စကားပြောဖို့လိုတယ်! ကျွန်မ သူနဲ့စကားပြောဖို့ ပြန်သွားမယ်!!"

ယန်ကျန်းကော်က ကျောင်းရွှယ်မေ့ရဲ့လက်ကောက်ဝတ်ကိုကိုင်ထားပြီး ကျောင်းရွှယ်မေ့က အဆက်မပြတ်ရုန်းကန်နေခဲ့သော်လည်း သူက သူမရဲ့လက်ကောက်ဝတ်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်တာကြောင့် ကျောင်းရွှယ်မေ့ရဲ့လက်ကောက်ဝတ်မှာ နာလာရသည့်တိုင် သူမက ရုန်းကန်နေတာကိုမရပ်သေးချေ။ နှစ်ယောက်လုံးက အချေအတင်ဖြစ်နေကြပြီး ယန်ရှောင် သူတို့နောက်မှာမရှိတာကို မည်သူမှသတိမထားမိကြပေ။

"သူ့မြေးကို သူဘယ်လိုလုပ်စွန့်ပစ်နိုင်ရတာလဲ?!!"

ကျောင်းရွှယ်မေ့က အော်သည်။

လမ်းသွားလမ်းလာတွေက သူတို့ကို လှည့်ကြည့်လာကြသည်။ ယန်ကျန်းကော်မှာ ထိုမျှရှက်စရာကောင်းလောက်အောင် တစ်ခါမှမလုပ်ဖူးခဲ့သော်ငြား သူကထပ်ပြီးဂရုမစိုက်တော့ပါချေ။ သူက ကျောင်းရွှယ်မေ့ရဲ့လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ သူမကိုလှည့်ကြည့်လိုက်သည်။

"ငါ့အဖေက သူ့သားဖြစ်တဲ့ငါ့ကိုတောင်စွန့်ပစ်လိုက်ပြီလေ၊ မြေးတစ်ယောက်ကို သူဘယ်လိုလုပ်ဂရုစိုက်နေရဦးမှာလဲ? အခု သူက ရှောင်ရှောင့်ကိုဂရုစိုက်သင့်တယ်လို့ မင်းထင်တယ်ပေါ့။ မင်းသူ့ကိုဂရုမစိုက်ခဲ့တဲ့အချိန်တွေတုန်းက မင်းက လူမဟုတ်ဘူးလို့ ဘာလို့မပြောခဲ့လဲ?"

ကျောင်းရွှယ်မေ့က ခဏတာငြိမ်သက်သွားပြီးမှာ ယန်ကျန်းကော်ကိုလက်ညှိုးငေါက်ငေါက်ထိုးလာ၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now