Chapter - 56.2

3.6K 790 20
                                    

Unicode

သိုးသားဖက်ထုပ် - ၂
____________

အဖိုးအိုရဲ့အပြုအမူတွေအတွက်အကြောင်းပြချက်ကို နားမလည်သည်မို့ လင်ရှုယီရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။

အဖိုးအိုက လင်ရှုယီအတွက် ကိစ္စတွေခက်ခဲအောင် တမင်လုပ်နေတယ်ဆိုတာ ရှန်ဖူပြောနိုင်သည်။အရင်က  သခင်ကြီးရှန် သူ့ကိုပြောဖူးတဲ့ကိစ္စကို သူ သတိရသွားသည်။ ဒါက အမှန်ဖြစ်နိုင်လောက်လား? အဲ့ဒါဆိုရင်တော့ သူ တကယ်နမော်နမဲ့နိုင်တာပဲ။

လင်ရှုယီက ခေါင်းခါသည်။

"ကျွန်တော် ဒါတွေကို အလကားလက်မခံရဲပါဘူးဗျာ။ ဒီအတွက် အဖိုး ဈေးသတ်မှတ်သင့်ပါတယ်။ အဖိုး ဘယ်လောက်လိုချင်ပါသလဲခင်ဗျာ။"

ရှန်ဖူက သူ့မျက်နှာကိုအုပ်ကာ သက်ပြင်းချ၏။

"အဖိုး၊ ဒီယပ်တောင်ပေါ်မှာ ကျွန်တော့်ကိုရေးခွင့်ပြုပါ။"

အဖိုးအိုက ရှန်ဖူ့ကိုကြည့်နေကာ လုံးဝစကားမဆိုချေ။

လင်ရှုယီက တုံးတယ်ဆိုရင်တောင်မှ အဖိုးအိုက သူ့အတွက် ခက်ခဲအောင်လုပ်နေတာမှန်း သူပြောနိုင်သည်။ ဘာကြောင့်မှန်းမသိပေမယ့်လည်း...ဒီကစ္စက ရှန်ဖူနဲ့ အလေးအနက်ဆက်နွယ်နေတယ်ဆိုတာ သူ အလိုလိုသိနေသည်။

စာတစ်ပုဒ်ပဲလေ။ လင်ရှုယီက အဖိုးအိုရဲ့လက်ထဲကစုတ်တံကိုကြည့်လိုက်သည်။

လင်ရှုယီ အူကြောင်ကြောင်ခံစားနေရမှာပဲလို့ ရှန်ဖူတွေးလိုက်မိတာမို့ သူက လက်ဆန့်ထုတ်ကာ လင်ရှုယီကို သူ့နောက်နားဆီဆွဲခေါ်လိုက်သည်။ ထို့နောက် သူက အဖိုးအိုကိုပြော၏။

"အဖိုး၊ ကျွန်တော့်အဖိုး ကျွန်တော့်ကိုပြောခဲ့တာက အမှန်မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား? ဒီ့အတွက်ကြောင့်နဲ့ အဖိုး သူ့ကိုခက်ခဲအောင်လုပ်နေမယ်ဆိုရင် ဒါ သိပ်မသင့်တော်မှာစိုးတယ်။"

ထို့နောက် သူက သူ့ကဒ်ကိုထုတ်ကာ ချန်းကျီကို ခရက်ဒစ်ကဒ်စက်ကိုယူလာဖို့ပြောလိုက်သည်။

"အဖိုး၊ အဖိုး ကျွန်တော့်ကို ဈေးပြောပြီးပြီပဲဗျာ။ အဖိုး ကိုယ့်စကားကိုပြန်ရုတ်သိမ်းလို့မရဘူးလေ။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now