Chapter - 22

4.9K 1K 14
                                    

[Zawgyi]

{ပူတင်း}

"မင်း မပျော်ဘူးလား?"

ရှန်ဖူက လင်ရှုယီ ဟိုဟိုသည်သည်လျှောက်သွားနေတာကိုကြည့်ရင်း အပြုံးတစ်စဖြင့်မေး၏။ သူ့မျက်နှာက အမူအရာကင်းမဲ့နေသော်ငြား သူမပျော်ဘူးဆိုတာကို ရှန်ဖူခံစားမိနေသည်။

ရှန်ဖူက စကားအများကြီးပြောနေတာကြောင့် လင်ရှုယီ စိတ်ရှုပ်စွာဖြင့်ပြန်လှည့်လာ၏။

ရှန်ဖူ ရယ်တော့သည်။

"Pff! အဖိုးက အိမ်ကိုရောင်းမှာကြောင့် မင်းမပျော်ဘူးဆိုရင် ဘာလို့ သူ့ကိုမပြောတာလဲ?"

လင်ရှုယီက ပြန်မပြောလိုက်ခင် ခဏမျှတိတ်နေသေး၏။

"ဒါက အဖိုးအိမ်လေဗျာ။"

ရှန်ဖူလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သည်အိမ်က အဖိုးအိုယန်ရဲ့အိမ်ဖြစ်တာကြောင့် သူတို့ဘာမှပြော၍မရပေ။ သူ ဒီအိမ်ကို မရောင်းသင့်ဘူးလို့ သူတို့တွေးရင်တောင်မှပေါ့။ ထို့နောက် သူက ပြောလာ၏။

"ဒါဆိုလည်း အရမ်းကြီးမပျော်မရွှင့်ဖစ်မနေနဲ့လေကွာ။ အဖိုးက သူဘာလုပ်နေတယ်ဆိုတာ သူသိပါတယ်။"

လင်ရှုယီ ခေါင်းငြိမ့်လိုက်သည်။ အဖိုးအိုယန်က သူဘာလုပ်နေတယ်ဆိုတာကို သိတယ်ဆိုတာရော၊ ဒီအကြောင်းကို သူအများကြီးမပြောနိုင်လို့ဆိုတာကိုရော သူနားလည်ပါသည်။ အဖိုးအိုယန်ရဲ့သားဖြစ်ဖြစ်၊ မြေးဖြစ်ဖြစ် ဒါနဲ့မထိုက်တန်ဘူးလို့ သူတွေးမိရုံသာ။ သူ့အရင်ဘဝတုန်းက ဆရာတစ်ယောက်ကလွဲပြီး မိဘတွေမရှိခဲ့၊ ဒီဘဝမှာလည်း အဖိုးအိုယန်ရှိတာကလွဲပြီး မိဘမဲ့ကတော့ဖြစ်နေဆဲ။ ဒါကြောင့်ပဲ...သူ့သားနဲ့မြေးက ဘယ်လိုလူမျိုးတွေဆိုတာသိပြီးနောက်မှာတောင် အဖိုးအိုယန်က ဘာကြောင့်အများကြီးပေးဆပ်နေရသလဲဆိုတာ သူနားမလည်နိုင်။

သူစဉ်းစားနေချိန်မှာ ရှောင်ဝမ့်အဖွားရောက်လာသည်။ သူမက ဘေးဘီကိုကြည့်လိုက်ပြီးနောက် အဖိုးအိုယန် ဒီမှာမရှိဘူးဆိုတာသိလိုက်သည်။ သူ ဘယ်သွားတယ်ဆိုတာ သူမ သိသည်။

"မြို့ကိုသွားတာလား?"

လင်ရှုယီ ခေါင်းငြိမ့်လိုက်ရင်း ရှောင်ဝဇမ့်အဖွားထိုင်ဖို့ ခုံတစ်လုံးဆွဲယူပေးလိုက်သည်။ သူမက လက်ကိုယမ်းကာပြောလေ၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now