Chapter - 9.1

6.9K 1.4K 19
                                    

[Zawgyi]

<ငါးမီးအုံးကင်>

ဒီလူ့ကိုကယ်ခဲ့တာလောက် ဘယ်အရာကမှ လင်ရှုယီကို နောင်တမရစေနိုင်ပေ။ လောကကြီးမှာ ဒီလိုလူတွေလည်းရှိနေပါလားဆိုပြီး သူနားလည်သွားတဲ့ ဒီနေ့မတိုင်ခင်အထိပင်။ ရှန်ဖူရဲ့ဒဏ်ရာတွေက အတော်လေးပြင်းထန်နေပုံပေါ်ပေမယ့် ဒီဒဏ်ရာတွေက ကြည့်ရဆိုးနေရုံသက်သက်သာဖြစ်၏။ အမှန်တော့ သူ့အတွက် ဒဏ်ရာတွေပျောက်ကင်းဖို့ ရက်အနည်းငယ်သာကြာခဲ့ပြီး နည်းနည်းနာနေသေးတယ်ဆိုပေမယ့်လည်း မသက်မသာတော့ ဖြစ်မနေတော့ချေ။ လင်ရှုယီက သူထွက်သွားလို့ရပြီလို့ပြောလိုက်တဲ့အချိန်မှသာလျှင် သူက နေရာမှာတင်ချက်ချင်းလှဲချလိုက်ပြီး သူ့ဒဏ်ရာတွေက နာကျင်ကိုက်ခဲနေသည်ဟု ပြောတတ်လေ၏။ သူဟန်ဆောင်နေတယ်ဆိုတာ လင်ရှုယီသိပေမယ့်လည်း သူဘာမျှမတတ်နိုင်ချေ။

ကျောင်းသားတစ်ယောက်က စစ်သားတစ်ယောက်နဲ့ ပက်ပင်းတိုးမိချေပြီ။ သူ့အနေနဲ့ အကျိုးသင့်အကြောင်းသင့်ပြော၍မရသောသူနှင့် အကျိုးသင့်အကြောင်းသင့်မပြောနိုင်ပေ။ နောက်ဆုံးတော့ အာဏာမရှိတဲ့ခံစားချက်ကို သူနားလည်သွားပြီဖြစ်သည်။ နှစ်ရက်အတွင်းမှာ လင်ရှုယီဟာ ရှန်ဖူကို လျစ်လျူ ရှုခြင်းဆိုတဲ့ စကေးအသစ်တစ်ခုဟတတ်မြောက်ခဲ့လေတော့၏။ လင်ရှုယီ သူ့ကိုလေလိုဆက်ဆံလိုက်တဲ့အခါမှပဲ တစ်စုံတစ်ယောက်ကို ကိုက်ချင်နေတဲ့ဆန္ဒကို ရပ်တန့်နိုင်သွားတော့သည်။

ရှန်ဖူရဲ့ဒဏ်ရာတွေက မပြင်းထန်ပေမယ့်လည်း လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ သူလှုပ်ရှားတဲ့အခါတိုင်း နာကျင်မှုကိုခံစားရလေသည်။ ဒါကြောင့်လည်း သူကအချိန်အများစုမှာယန်ဆောင်နေပေမယ့် လင်ရှုယီက သူ့ကို အိမ်အပြင်ကို အမှန်တကယ်နှင်မထုတ်နိုင်တာဖြစ်၏။ သူဘယ်လိုလုပ်ဒဏ်ရာရလာသလဲဆိုတာ လင်ရှုယီမသိသလို ရှန်ဖူကလည်း ဘယ်တော့မှ ပြောပြခြင်းမပြုပေ။ ဒါပေမယ့် ဒါကိုကြည့်ရတာတော့ ကြောက်စရာကောင်းတဲ့ရည်ရွယ်ချက်နဲ့တူနေပြီး သူက လူကောင်းမဟုတ်ဘူးလို့ လင်ရှုယီခံစားနေရလေသည်။

သူ ဒီကမ္ဘာအကြောင်း တစ်ခုနှစ်ခုပဲသိသည်။ ရှန်ဖူကသာလူကောင်းဆိုရင် ဘယ်သူက သူ့ကို အကြောင်းပြချက်မရှိရိုက်မှာလဲ?

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now