Chapter - 15.2

5.9K 1.1K 23
                                    

[Zawgyi]

<တို့ဖူးပုပ်ကြော်>

ရှန်ဖူက လင်ရှုယီကို လူတွေအုံနေတဲ့ လမ်းဘေးဆိုင်လေးတစ်ဆိုင်ဆီဆွဲခေါ်သွားလေ၏။ ဆိုးရွားလွန်းတဲ့အနံ့က လင်ရှုယီအတွက် ပိုလို့ပင်နံလာတာကြောင့် သူက ခေါင်းကိုတစ်ဖက်လှည့်လိုက်ကာ ထွက်သွားချင်နေလေသည်။

ဒါပေမယ့် ရှန်ဖူက ဒီအကျင့်နဲ့ရင်းနှီးနေပြီးသားပင်။ သူက လက်တစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာ နောက်လက်တစ်ဖက်နဲ့ ဆိုင်ရှေ့မှာအုံတိုးနေတဲ့လူတွေကိုထိုးပြလိုက်သည်။

"မင်း တကယ်မစားချင်ဘူးလား? ကြည့်လိုက်...အဲ့မှာ လူတွေအများကြီးပဲ။ ကိုယ် မင်းကိုလိမ်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

လင်ရှုယီရဲ့ခြေတံခြေတွေက ရပ်တန့်သွားပြီး နောက်ဆုံးတွင်တော့ သူက ခြေလှမ်းပြန်ရုတ်လိုက်လေ၏။ ဆိုင်လေးရှေ့မှာ အမှန်တကယ်ပင် လူအများကြီးရှိနေပြီး သူတို့က ရှေ့ဆုံးကနေနောက်ဆုံးအထိ အမှာများကို မဆုံးနိုင်အောင်အော်ဟစ်နေကြသည်။

အစားအသောက်နဲ့တွေ့တဲ့အခါ အမြဲတုန့်ဆိုင်းနေတတ်ပြီး ဝေခွဲမရဖြစ်နေတတ်တဲ့လင်ရှုယီက ရှန်ဖူ့ကို အမှန်တကယ်ပင်ပြုံးရယ်စေသည်။ ရှန်ဖူက ဘေးနားမှာဝိုင်းအုံနေတဲ့လူအုပ်ကြီးကိုကြည့်ရင်း မျက်လုံးလေးများကွေးသည်အထိ ပြုံးလို့နေ၏။ လင်ရှုယီက ရှန်ဖူ သူ့ကိုစနေတယ်လို့ထင်လိုက်တာကြောင့် အဝေးကိုလျှောက်မသွားခင် ရှန်ဖူ့ကို ခပ်စူးစူးကြည့်လိုက်သေး၏။

"စားကြည့်။ ကိုယ်မင်းကိုဘတကယ်မလိမ်ပါဘူး။"

ထို့နောက်တွင်တော့ လူအားလုံးနားလည်သွားသည်ကား အနှီလူချောလေးသည် တစ်ယောက်တည်းလာခြင်းမဟုတ်ဆိုသည်ကိုပင်။ နောက်ထပ် ခပ်ချောချောကောင်လေးတစ်ယောက် ရှိနေသေးတယ်...။

သို့သော်လည်း ထင်မှတ်မထားစွာပင် ရှန်ဖူက ဆိုင်လေးရဲ့အစွန်ဘက်ကိုလျှောက်သွားကာ ပြောလိုက်လေ၏။

"သူဌေး...ကျွန်တော့်ကို နှစ်ပွဲပေးပါ။ တစ်ပွဲမှာ အစပ်မထည့်နဲ့။"

ရှန်ဖူ့အသံက ဆွဲဆောင်မှုရှိပြီး ကြားရသည်မှာ နားဝင်ပီယံဖြစ်လှ၏။ အစတုန်းက သူ့ကိုသတိမထားမိတဲ့လူတွေပင် သူစကားပြောလိုက်တဲ့အခါ လှည့်ကြည့်လာကြ၏။ ရလဒ်ကတော့ သူတို့အားလုံး အံ့အားသင့်သွားကြခြင်းပင်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now