Chapter - 113

2.1K 254 6
                                    

Unicode

၁၁၃။ နို့ဆန်ပြုတ်

နောက်ရက်မှာ ဧည့်သည်တစ်ယောက်ရောက်လာသည်။ သေသေသပ်သပ်မီးပူတိုက်ထားတဲ့အနောက်တိုင်းဝတ်စုံကိုဝတ်လျက် လုပ်ငန်းသဘောအရအပြုံးနှင့်အတူ လက်ဆွဲအိတ်ညိုလေးကိုယူဆောင်လာသည့် ရွှေရောင်ဆံပင်နဲ့လူဖြူတစ်ယောက်ပင်။

လင်ရှုယီနဲ့ရှန်ဖူတို့ကို သူ့ရှေ့ခေါ်သွားကြပေမယ့် လင်ရှုယီကတော့ ရှုပ်ထွေးနေဆဲဖြစ်ကာ ဘာဖြစ်နေလဲမသိဖြစ်နေရှာသည်။ ရှန်ဖူကား ဧည့်သည်က သူ့လက်ဆွဲအိတ်ကိုဖွင့်လိုက်သည်နှင့် ဘာဖြစ်နေလဲချက်ချင်းနားလည်သွား၏။

"သူက ကိုယ်တို့ရဲ့မင်္ဂလာဝတ်စုံချုပ်ဖို့ အမေငှားထားတဲ့အပ်ချုပ်သမားဖြစ်ရမယ်၊ ကိုယ်တို့ရဲ့ကိုယ်တိုင်းတွေလာယူတာ။"

အမှန်ပင်၊ အပ်ချုပ်သမားက သူ့လက်ဆွဲအိတ်ကိုဖွင့်လိုက်သည်နှင့် အထဲမှာ အဓိကပါဝင်သည်က ကိုယ်တိုင်းယူရာမှာအသုံးပြုတဲ့ပစ္စည်းပစ္စယတွေပင်။ အပ်ချုပ်သမားက ကိုယ်တိုင်းကြိုးခွေကိုယူကာ ရှန်ဖူ့ကို လက်မြှောက်ဖို့ပြောကာ စတင်တိုင်းတာလျက် တိုင်းတာရင်းရေးမှတ်တော့သည်။

လင်ရှုယီကား စိတ်ဝင်တစားကြည့်ရှုနေပြီး ခုခေတ်လက်ချုပ်အဝတ်အစားချုပ်ပုံက သူ့အရင်ဘဝကနဲ့သိပ်မကွာဟုတွေးနေမိသည်။

တိုင်းတာရေးမှတ်လို့ပြီးစီးသွားတဲ့အခါ လုပ်စရာတွေအများကြီးကျန်နေသေးသည်။ အဝတ်အစားပုံစံနဲ့ထည့်ချုပ်မယ့်ပစ္စည်းအမျိုးအစားရွေးတာကအစ သူတို့လိုချင်တဲ့အသေးစိတ်အချက်တွေအဆုံးအထိအပြင် ကြားကအဆင့်တွေအားလုံးမှာပါ ကာစတမ်မာတွေရဲ့တောင်းဆိုမှုတိုင်းကို အလေးထားပေး၏။ ဒါက နာမည်ကြီးတံဆိပ်တစ်ခုဖြစ်နေသည်မှာ အံ့ဩစရာမရှိတော့။ ကိုယ်တိုင်းနဲ့ချုပ်ပေးတဲ့အင်္ကျီတံဆိပ်တွေထဲမှာ ဒီကုမ္ပဏီက ချုပ်လုပ်မှုအပေါ်မှာ အချိန်နဲ့လုံ့လအစိုက်ဆုံးဖြစ်တာမို့ ဈေးကလည်း အတော်မြင့်သော်ငြား ဒါက သူတို့ရဲ့ကျော်ကြားမှုကို လုံးဝအဟန့်အတားမဖြစ်စေပေ။ ထိုအစား ကာစတမ်မာတွေအပေါ် သူတို့ရဲ့အသေးစိတ်ဂရုစိုက်မှုကြောင့် ဒီတံဆိပ်က တခြားလုပ်ငန်းတူတံဆိပ်တွေထက် ပိုအဆင့်မြင့်တယ်လို့သတ်မှတ်ခြင်းခံရကာ လူချမ်းသာတွေနဲ့နာမည်ကျော်တွေ မကြာခဏချုပ်လေ့ရှိတဲ့တိုင်းချုပ်တံဆိပ်ဖြစ်လာသည်။

I'm a Chef in the Modern Era [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon