Chapter - 87.2

2.6K 593 12
                                    

[လေပွေ : စာစစ်မထားပါ။ စာလုံးအပေါင်းအမှားရှိက ကိုယ့်ဘာသာပြင်ဖတ်လိုက်ကြပါရန်။]

Unicode

လိမ္မော်ကိတ်မုန့်လိပ် - ၂
__________________

အမျိုးသမီးက လင်ရှုယီကို တအံ့တဩကြည့်လာပြီးမှ ရှန်ဖူ့ကိုကြည့်သည်။ သူတို့ရဲ့ဇာတ်လမ်းနဲ့နောက်ခံကိုသူမသိတယ်။ ရှန်မိသားစုကကြီးမားပြီးဩဇာရှိတယ်၊ ထောင်ထောင့်ကိုမွေးစားတာမပြောနဲ့၊ သူ့လိုကလေးမျိုးဆယ်ယောက်မွေးစားတယ်ဆိုရင်တောင် သူတို့အတွက်က ရေပုံးကြီးထဲကရေစက်လေးတစ်စက်လိုပဲဖြစ်နေမှာ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ဘယ်လိုမိသားစုမျိုးပဲဖြစ်နေပါစေ၊ ဘယ်သူက နာခံတတ်ပြီးချစ်ဖို့ကောင်းတဲ့ကျန်းမာတဲ့ကလေးကို မွေးစားဖို့မရွေးလို့လဲ? ပိုက်ဆံလှူတာဆို ဘယ်သူမဆိုလုပ်နိုင်သလောက်ပဲ။ ဒါပေမယ့် မွေးစားတာဆိုရင်တော့ ရင်းနှီးရမှာက ငွေကြေးတင်မဟုတ်တော့ဘူးလေ။

"ကောင်းပြီလေ။ ဒါပေမယ့် မင်းတို့နှစ်ယောက်မဆုံးဖြတ်ရသေးခင်မှာ ကျေးဇူးပြုပြီး ရှောင်ယွီ့ကိုမွေးစားမယ့်အကြောင်းဘာမှမပြောပါနဲ့။ သူ့စိတ်က ထိရှလွယ်ပြီးနူးညံ့တယ်၊ ငါစိုးရိမ်တာက အချိန်ကျလာရင် မင်းတို့နှစ်ယောက်—"

အမျိုးသမီးက စကားကိုဆုံးအောင်မပြောလိုက်ပေမယ့် ရှန်ဖူရောလင်ရှုယီပါနားလည်လိုက်သည်။ အရင်ဆုံး သူတို့ကမွေးစားခံရတော့မယ်လို့ယုံကြည်ထားပြီးမှ ဘာမှဖြစ်မလာရင် ကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်တောင်ကြေကွဲပြီးစိတ်ပျက်နေလိမ့်မလဲ?

"စိတ်ချထားလို့ရပါတယ် လက်ထောက်ညွှန်ကြားရေးမှူး။"

အမျိူးသမီးက သူတို့ကို ထောင်ထောင့်ရဲ့လူနာခန်းဆီခေါ်သွားပြီးမှ ထွက်သွားသည်။ သူတို့သာ ရှောင်ယွီတို့ကိုမွေးစားချင်တယ်ဆို အရင်ဆုံးရင်းနှီးမှုတည်ဆောက်ဖို့က မလုပ်မဖြစ်ပဲ။ ဒါက သူမအဲ့မှာရှိနေဖို့လိုတဲ့ကိစ္စမဟုတ်ဘူး။ ဒါ့အပြင် သူတို့ကမွေးစားဖို့သဘောတူတယ်ဆိုရင်တောင် ရှောင်ယွီကိုယ်တိုင်ကလည်း ဒီ"အဖေ"အသစ်နှစ်ယောက်နဲ့ကျင့်သားရဖို့အချိန်လိုတယ်။

I'm a Chef in the Modern Era [Myanmar Translation]Onde as histórias ganham vida. Descobre agora