Chapter - 78

3.4K 722 18
                                    

Unicode

ဖိုထျောင့်ချန်(နံရံပေါ်ကဘုရားခုန်ချ)
______________________

နောက်ရက်မှာတော့ မနက်စာစားပြီးနောက်မှာ သခင်ကြီးရှန်နဲ့ကျန်လူတွေက အိမ်ပြန်ဖို့ပြင်ကြသည်။ အဆုံးမှာတော့ ဖေဖေရှန်နဲ့ရှန်ယန်တို့နှစ်ယောက်လုံးမှာ လုပ်စရာတွေရှိနေပြီး လင်ရှုယီကလည်း စားသောက်ဆိုင်နဲ့အလုပ်များနေသည်လေ။ သည်တစ်ကြိမ်မှာတော့ Hမြို့နဲ့Sမြို့က အရမ်းနီးတယ်ဆိုတာ သဘောပေါက်သွားတာမို့ မေမေရှန်က ပြန်သွားဖို့ကို အရမ်းကြီးတုန့်ဆိုင်းမနေတော့ပေ။ သူမသာလာချင်လျှင် ဒါက နာရီအနည်းငယ်သာကြာသည့်ခရီးဖြစ်ပေ၏။ ဒါ့အပြင် ရှန်ဖူက သူတို့ အိမ်ကိုပြန်ပြင်လိုက်မယ်လို့လည်းပြောထားသေးသည်။ အိမ်ကိုပြန်ပြင်လို့ပြီးရင်တော့ မေမေရှန်က သူမ ဘယ်လောက်ပဲကြာကြာနေချင်နေချင် နေလို့ရပြီဖြစ်သည်။ ဒါကိုကြားတဲ့အခါ မေမေရှန်က ပျော်သွားပေမယ့် ဖေဖေရှန်ကတော့ သေချာပေါက်ကိုမပျော်ပါချေ။

ရှန်ဖူ့မိဘတွေနဲ့ကျန်လူတွေထွက်သွားပြီးနောက်မှာပဲ လင်ရှုယီနဲ့ရှန်ဖူက အဖိုးအိုယန်ရဲ့အိမ်ကို ပြောင်းလာကြသည်။ သူတို့ အိမ်ကိုစောစောပြန်ပြင်လေပိုကောင်းလေဖြစ်သည်။ ပြန်ပြင်ပြီးနောက်မှာ အိမ်ထဲလေကောင်းလေသန့်ရစေဖို့ တစ်လနီးပါးလိုဦးမည်ဖြစ်၏။ သူတို့ အခုစပြင်ရင် တရုတ်နှစ်သစ်ကူးမှာ ပြန်ပြောင်းလို့ရလောက်ပေသည်။

ဟုတ်သည်။ နှစ်သစ်ကူးရောက်ဖို့ သုံးလပင်မလိုတော့ပါချေ။

ဤသည်က လင်ရှုယီ ဒီကိုရောက်လာပြီးနောက် ပထမဆုံးကြုံတွေ့ရမည့်နှစ်သစ်ကူးပင်ဖြစ်ချေ၏။ သူ ဒီရောက်နေခဲ့တာ နှစ်ဝက်ကျော်သွားခဲ့ပေပြီ။ အချိန်က တကယ်ကို အကုန်မြန်လှသည်။ သို့သော်ငြား ရှန်ဖူနဲ့ ဒီအခြေအနေထိရောက်ဖို့ နှစ်ဝက်သာကြာတယ်ဆိုတာကို သူတွေးမိချိန်မှာ သူတို့ အရမ်းများလောကြီးလွန်းသွားသလားဆိုတာ သိချင်မိသွားရသည်။ ဒါပေမယ့် ရိုးရိုးသားသားပြောရလျှင် ဘယ်သူက လောကြီးနေလားဆိုတာ ဂရုစိုက်နေမှာလဲ? နည်းနည်းလောက်မဆင်မခြင်လုပ်လိုက်တာက ဘာမှမလုပ်လိုက်ရတဲ့အတွက် နောင်တနဲ့ရှင်သန်နေရတာထက် ပိုကောင်းသည်ပဲလေ။ အချစ်က အချိန်နဲ့နည်းနည်းသာသက်ဆိုင်သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now