Chapter - 62

4.1K 788 14
                                    

Unicode

လုံကျင်းပုစွန်တုပ်
___________

စားပြီးနောက်တွင် ဖိုးဖိုးရှန်က လင်ရှုယီရဲ့အိပ်ခန်းထဲကို ရှန်ဖူနဲ့အတူဝင်သွားသည်။ သူတို့နှစ်ယောက်က အချိန်အကြာကြီး တီးတိုးဆွေးနွေးနေခဲ့ကြ၏။ သူတို့ပြန်ထွက်လာချိန်မှာ ရှန်ဖူက သိသိသာသာကိုပျော်ရွှင်နေတဲ့အမူအရာဖြင့်ရှိနေသည်။

လင်ရှုယီက မစပ်စုချင်ခဲ့ပါပေ၊ သို့သော်ငြား ပထမအချက်၊ ဒါက သူနဲ့ပတ်သက်နေတာ သေချာသည်၊ ဒုတိယအချက်၊ ရှန်ဖူက အင်မတန်ပျော်မြူးနေ၏။ လင်ရှုယီသာ အဲ့အကြောင်းမမေးလျှင် ရှန်ဖူ ဘယ်လောက်တောင်ဘဝင်ခိုက်နေလဲဆိုတာကိုတွေးကြည့်ရုံနှင့်ပင် ရှက်စရာဖြစ်ပေတော့မည်။

သို့ပေသိ သခင်ကြီးရှန်က သူ သွားတော့မယ်လို့ပြောလာတာကြောင့် လင်ရှုယီမှာ သူ့သိချင်စိတ်တို့ကို ပြန်မြိုချလိုက်ရကာ သခင်ကြီးရှန်ကို အရင်လိုက်ပို့သည်။ လင်ရှုယီရဲ့အိမ်က တကယ်ကိုသေးသည်။ အိပ်ခန်းက တစ်ခန်းပဲရှိကာ အထဲကကုတင်ကလည်း သနားစရာကောင်းလောက်အောင်ကိုသေးသည်။

ထို့အတွက် သခင်ကြီးရှန် သူတို့နဲ့ဒီမှာနေဖို့က မဖြစ်နိုင်ပေ။ အဖိုးအိုယန်မှာတော့ နေရာလွတ်တွေရှိပေမယ့် လင်ရှုယီက အဖိုးအိုယန်ကို ဘယ်လိုသဘောထားတယ်ဆိုတာကိုတွေးမိတော့ လောလောဆယ်မှာ သူ မပြင်ဆင်ထားမိတာမို့ အဖိုးအိုယန်ဆီသွားလည်ဖို့ဆိုတာက အကြံကောင်းလို့ ဖိုးဖိုးရှန်မထင်ပါချေ။ အဖိုးအိုယန်က ရှန်ဖူနဲ့လင်ရှုယီတို့ရဲ့ဆက်ဆံရေးအကြောင်း ဘာမှမသိသေးဘူးဆိုတာကို ရှန်ဖူ့ဆီကကြားလိုက်ရတဲ့အချိန်မှာ ဒီခံစားချက်က ပိုခိုင်မာလာခဲ့ပြီး ဖိုးဖိုးရှန်မှာ ရှန်ဖူ့နားရွက်ကိုဆွဲလိမ်ဖို့ကလွဲပြီး ဘာမှမလုပ်ချင်တော့ပေ။ နောက်တစ်ခါ သူ ပြင်ဆင်ပြီးကာမှ အဖိုးအိုယန်ဆီသွားလည်ဖို့ ဖိုးဖိုးရှန်ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်မှာ သခင်ကြီးရှန် ကားထဲဝင်သွားတာကို ကြည့်နေဖြစ်ခဲ့ကြ၏။ ကားမှန်ကျလာချိန်မှာ စက်နိုးနေပြီဖြစ်သည်။ သခင်ကြီးရှန်က ရှန်ဖူ့ကို လက်ယပ်ကာခေါ်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now