Chapter - 88.2

2.8K 570 10
                                    

Unicode

ကြက်ဥဘီစကစ်(Tamago Boro) - ၂
____________________

ရှန်ဖူက ထောင်ထောင့်ကိုပွေ့လိုက်သည်။ ထောင်ထောင်က ရှန်ဖူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်လိုက်ပြီးမှ ရှောင်ယွီ့ကိုကြည့်ကာပြုံးပြလာပြီး ဖြူဖွေးနေတဲ့သွားပေါက်စလေးတချို့ကိုလှစ်ဟပြလာ၏။

နောက်ဆုံးမှာတော့ သူက ဂေဟာမှူး၊ လက်ထောက်ဂေဟာမှူး၊ အဒေါ်ကြီးတွေ၊ ဆရာဝန်တွေနဲ့ သူ့ကိုဂရုစိုက်ပေးခဲ့ကြတဲ့သူနာပြုတွေကို အလေးအနက်နှုတ်ဆက်စကားဆို၏။ အဲ့တော့မှသာ ရှောင်ယွီက နီရဲနေတဲ့မျက်လုံးတွေနဲ့ လင်ရှုယီနောက်ကနေ ကားထဲလိုက်ဝင်သည်။

လင်ရှုယီက ရှန်ဖူ့ရင်ခွင်ထဲကထောင်ထောင့်ကိုယူလိုက်ပြီး နောက်ခန်းမှာ အန်တီရှန်၊ ရှောင်ယွီတို့နဲ့အတူထိုင်သည်။ ထို့နောက် သူတို့က ရှန်မိသားစုအိမ်ကိုကားမောင်းပြန်သွားကြသည်။

သခင်ကြီးရှန်က တည်တည်ငြိမ်ငြိမ်ပင်လက်ရေးလှကျင့်နေ၏။ ဖေဖေရှန်နဲ့မေမေရှန်က ဈေးဝယ်ထွက်တာကနေပြန်ရောက်ပြီဖြစ်၏။ အဆုံးမှာတော့ မေမေရှန်မှာ မနေနိုင်စွာဖြင့် ကလေးပစ္စည်းတွေတစ်ပုံကြီးဝယ်မိခဲ့ရသည်။ သို့သော်ငြား အဲ့ဒါတွေက တဘက်နုနုလေးတွေ၊ မိန်းကလေးရော၊ ယောက်ျားလေးအတွက်ပါသင့်တော်တဲ့ကလေးခြုံစောင်အပြာဖျော့တွေနဲ့ ကလေးရေဘူးတွေစသည်ဖြင့် အရွယ်စုံကလေးတွေအတွက်ပစ္စည်းများဖြစ်၏။ ပစ္စည်းတွေက ဆိုဖာလက်ရန်းနားထိပြည့်လျှံနေပြီး သူမက မိသားစုရဲ့တန်ဖိုးကြီးရတနာတွေကိုရေတွက်နေတဲ့အတိုင်း တက်ကြွစွာဖြင့် ရှန်ယန့်ကို ပစ္စည်းတစ်ခုချင်းစီနဲ့မိတ်ဆက်ပေးနေသည်။

တံခါးဘဲလ်သံမြည်လာသည်နှင့် အားလုံးမှာ မရည်ရွယ်ပါဘဲ တံခါးကိုစိုက်ကြည့်မိလိုက်ကြသည်။ ထို့နောက်မှာတော့ လင်ရှုယီက ကလေးတစ်ယောက်ကိုချီလာပြီး ရှန်ဖူက နောက်တစ်ယောက်ကိုခေါ်ကာ အတူတူဝင်လာသည်ကို သူတို့တွေ့လိုက်ကြရကာ အားလုံးက မျက်လုံးအဝိုင်းသားနဲ့စိုက်ကြည့်နေကြတော့သည်။

သူတို့ရဲ့အနေအထားကိုတွေ့တဲ့အခါ ရှောင်ယွီအလန့်တကြားထခုန်လိုက်မိသည်။ ရှန်ဖူက သူ့ခေါင်းကိုပုတ်ကာနှစ်သိမ့်ပေးလိုက်ပြီးနောက် သူ့လက်ကိုကိုင်ကာရှေ့ကိုလျှောက်သွားပြီး တစ်ယောက်ချင်းစီနဲ့မိတ်ဆက်ပေးသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now