Chapter - 25

5.5K 1K 68
                                    

[Zawgyi]

{ဘဲသွေးခဲခေါက်ဆွဲ}

နာရီပနည်းငယ်ကြာဈေးဝယ်ပြီးနောက် လင်ရှုယီနဲ့ရှန်ဖူက ဖုန်းကာဗာနှစ်ခုသာဝယ်ယူလေသည်။ တစ်ဖက်မှာတော့ ရှောင်ဝမ်က ဖုန်းကာဗာနှစ်ခုထက်ပိုပြီးဝယ်ခဲ့သည်။ အဆုံးမှာတော့ သူမက မိန်းကလေးတစ်ယောက်ဖြစ်နေဆဲပဲဖြစ်ပြီး ပြောင်လက်တောက်ပပြီးလှပသေးငယ်တဲ့ပစ္စည်းလေးတွေကို မဝယ်ဘဲမနေနိုင်ပါချေ။

သုံးယောက်သား လျှောက်ကြည့်နေကြဆဲဖြစ်ပြီး အချိန်တွေကုန်သွားသော်လည်း နေ့လည်စာစားချိန်ရောက်လာချိန်မှာတော့ လင်ရှုယီရဲ့ဥာဉ်ကလေးပေါ်လာတော့သည်။

ရှန်ဖူ၊ လင်ရှုယီနဲ့ ရှောင်ဝမ်တို့သုံးယောက် စကားတပြောပြောဖြင့်ပင် နာမည်ကျော်စားစရာတွေရှိပြီး စားသောက်ဆိုင်မျိုးစုံဖွင့်ထားတဲ့လမ်းဆီဦးတည်လိုက်ကြသည်။ ဒီလမ်းက အနည်းငယ်ဟောင်းနေခဲ့ပြီဖြစ်သော်လည်း မြို့လယ်ကောင်မှာတည်ရှိကာ ပုံစံကထူးခြားသည်။ ဘေးပတ်ဝန်းကျင်က အဆောက်အအုံတွေက ကျန်းနန်ရဲ့ဗိသုကာလက်ရာပုံစံအတိုင်း ရိုးရှင်းလှပစွာတည်ဆောက်ထားပြီး Sမြို့ကိုရောက်သည်နှင့် ဒီနေရာကိုလာမလည်တဲ့လူက ခပ်ရှားရှားပင်။

ဒီလမ်းတစ်လျှောက်က စားသောက်ဆိုင်နဲ့ ဈေးဆိုင်လေးတွေမှာ နူးညံ့သေးငယ်တယ်ပါစတာကအစ ဒေသတစ်ခုချင်းစီရဲ့အထိမ်းအမှတ်စားစရာအဆုံး လူတစ်ယောက်တွေးနိုင်သည်ထက်ပိုရနိုင်ကာ တရုတ်ပြည်တစ်နံတစ်လျားက စားစရာတွေပါရှိသည်။

မျှော်လင်ထားသလိုပင်၊ ရှောင်ဝမ်က ဒီနေရာနဲ့အရင်းနှီးဆုံးသူဖြစ်သည်။ သူမက လမ်းတစ်လျှောက်မှာရှိတဲ့ဆိုင်တွေကို မိတ်ဆက်ပေးသွားပြီး သူတို့လမ်းလျှောက်နေတဲ့တစ်ချိန်လုံး ဒီဆိုင်မှာဘာရတယ်၊ ဟိုဆိုင်မှာဘာရတယ်စသည်ဖြင့် ပြောကြားသွား၏။ နောက်ဆုံးတွင်တော့ သူမရဲ့မိတ်ဆက်ညွှန်ကြားပေးမှုတွေပြီးဆုံးသွားပြီး သူမက သူဘာစားမလဲလို့မေးရန် လင်ရှုယီဘက်ကိုလှည့်လိုက်သည်။

သမင်တစ်ကောင်က ကားရှေ့မီးကိုမျက်စိစူးသွားကာ ရပ်သွားသလိုပင် လင်ရှုယီသည်လည်း လမ်းလျှောက်နေရာမှရပ်သွား၏။ သူ့မှာ စားစရာတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချင်ချရမယ့်အချိန်နဲ့ အမျိုးအမည်စုံလွန်းပြီးအဆုံးမရှိတဲ့စားစရာတွေထဲကနေ သူဘာစားချင်လဲဆိုတဲ့မေးခွန်းမျိုးအမေးခံရတိုင်း မဖြေတတ်လောက်အောင် ဝေခွဲရခက်နေတတ်သောပြသနာတစ်ခုရှိသည်။

I'm a Chef in the Modern Era [Myanmar Translation]Donde viven las historias. Descúbrelo ahora