Chapter - 77

3.4K 716 18
                                    

Unicode

ငါးခူဝါတို့ဖူးဟင်းချို
_______________

ထန်ရှောင်းက အဝါရောင်ငါးခူကြီးရဲ့ဗိုက်ကို ဓားတစ်ချက်တည်းနဲ့ သေသေသပ်သပ်ဖွင့်လိုက်သည်။ အစောတုန်းက လင်ရှုယီက ငါးဟင်းချိုလုပ်ဖို့ ဒီငါးခူဝါလို အရိုးနည်းပြီးပျော့ပြောင်းတဲ့ငါးတွေကို လိုနေခဲ့တာဖြစ်သည်။

ငါးက လတ်ဆတ်ကာ အသက်ရှင်နေသေးပြီး ဟိုခုန်သည်ခုန်လုပ်နေပေမယ့် ထန်ရှောင်းရဲ့လက်ထဲက လျင်မြန်လှတဲ့ဓားက သူ့ဆီကျရောက်လာတာကို မခုခံနိုင်ခဲ့ချေ။ ဒါက ကျိုးကြောင်းမသင့်ပေမယ့်လည်း ထန်ရှောင်းကတော့ စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ ဒီလိုလုပ်ချင်နေဆဲဖြစ်သည်။ အရှင်လတ်လတ်ငါးကို ခုတ်ထစ်တာက အတော်လေးရက်စက်ပုံပေါ်ပေမယ့်လည်း လင်ရှုယီ ဒီငါးကိုသုံးပြီးချက်မယ့် အရသာရှိလှတဲ့ဟင်းချိုကိုစဉ်းစားမိချိန်မှာ ထန်ရှောင်း နည်းနည်းပိုရက်စက်နိုင်ပေသည်။

ငါးတွေအားလုံးကို ‌တုံးတစ်ကာဆေးကြောပြီးနောက်တွင် ထန်ရှောင်းက အားလုံးကို ပုံးထဲထည့်ကာ မီးဖိုခန်းထဲ ပြန်သွားဖို့ပြင်သည်။

စောစောက ထန်ရှောင်း မီးဖိုခန်းထဲကထွက်သွားချိန်မှာ လင်ရှုယီက ကြက်သားပေါ်မှာ ဆားတွေသုတ်ပြီး ကြက်သားဆားအုံးပြင်နေခဲ့တာဖြစ်သည်။ သူ ပြန်ရောက်တဲ့အခါ အဲ့ဒါက မြေအိုးထဲအပေါင်းခံရဖို့ အဆင်သင့်ဖြစ်နေလောက်ပေပြီ။ သို့သော်ငြား သူ မီးဖိုခန်းဆီချဉ်းကပ်လာချိန်မှာပင် ရှန်ဖူက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်လျက် အပြင်ထွက်လာသည်ကို သူတွေ့လိုက်ရ၏။

"အာ? အစ်ကိုရှန်၊ အစ်ကို ဘယ်တုန်းကရောက်တာလဲ?"

ဒါက ခိုးကြောင်ခိုးဝှက်နိုင်လွန်းတယ်၊ ဟုတ်တယ်မလား? သူ မီးဖိုခန်းအပြင်နားလေးကခြံမှာ တစ်ချိန်လုံးရှိနေခဲ့တာတောင် အသံလေးတစ်သံမကြားရဘူး။

ရှန်ဖူက နှုတ်ခမ်းသပ်လိုက်သည်၊ သူ့နှုတ်ခမ်းထောင့်စွန်းတွေက ဘဝင်ခိုက်နေသည့်အပြုံးကြီးအဖြစ် ကော့တက်နေ၏။ သူက အတော်လေးကိုစိတ်အခြေအနေကောင်းနေပုံရသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now