Chapter - 47

4.3K 843 7
                                    

[Unicode]

{ဖက်ထုပ်ခေါက်ဆွဲ}

သည်ကိစ္စကို ဘယ်လိုရှင်းပြရမှန်းမသိသည့်အပြင် ဘာမှလည်းမထိခိုက်နိုင်တာမို့ ရှင်းမပြတော့ဖို့ ရှန်ဖူဆုံးဖြတ်လိုက်သည်။ ဥပမာအနေဖြင့် ယခုဆို သူ လင်ရှုယီအနားကပ်ဖို့ စိတ်ထင့်နေစရာမလိုတော့သလို လင်ရှုယီသဘောမကျမှာကိုလည်း ပူနေစရာမလိုတော့ပေ။ မည်သို့ဆိုစေ လင်ရှုယီက သူ(ရှန်ဖူ)က ချန်ဖန်းကိုချစ်နေတာလို့တွေးပြီး တစ်ခါတစ်လေ ကျွန်တော်-အားလုံးကို-နားလည်ပါတယ်ဆိုတဲ့အကြည့်မျိုးနဲ့ ချန်ဖန်းကို ကြည့်တတ်တာက ရှန်ဖူ့ကိုအတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေသည်။

ချန်ဖန်းမှာ ဘာမှမသိရှာဘဲ သူတို့ရဲ့အကြည့်တွေနဲ့တိုက်ခိုက်ခံနေရတာမို့ ဒေါသထွက်လာတော့၏။

"ဟေ့၊ မင်းတို့နှစ်ယောက် ငါ့ကို ဘာတွေလျှို့ဝှက်ထားတာလဲ?"

ရှန်ဖူက ဘယ်လိုနေနေဆိုပေမယ့် ဘာလို့ လင်ရှုယီကပါ သူ့ကိုထူးထူးဆန်းဆန်းကြီးကြည့်နေရတာလဲ?

ရှန်ဖူ ဘာမှပြောခွင့်မရလိုက်သေးခင်မှာပင် လင်ရှုယီက ခေါင်းကိုတစ်ဖက်လှည့်ကာ အလွန်အမင်းအေးဆေးစွာဆို၏။

"ဘာမှလျှို့ဝှက်မထားပါဘူး။"

ချန်ဖန်း : …

မင်းရုပ်က ဒီလိုပုံစံကြီးဖြစ်‌နေတာကို ဘယ်သူက ယုံမှာလဲ!?

သို့သော်လည်း ရှန်ဖူက သူတို့နှစ်ယောက် အပြင်ထွက်လည်မလို့ဆိုတာကိုပြောလိုက်သည်မို့ ထိုအခြေအ‌နေမှာ သိပ်မကြာလိုက်‌ချေ။ ရှန်ဖူက သူ လင်ရှုယီကို ဘာကြောင့်ဒီကိုခေါ်လာရတာလဲဆိုတာကို မမေ့ပေ။ သို့သော်လည်း ယခုအချိန်တွင်တော့ ရှန်ဖူက သူနဲ့စာရင် ချန်ဖန်းနဲ့ပိုသွားချင်လောက်တယ်လို့တွေးမိတာကြောင့် လင်ရှုယီမှာ အပြင်ထွက်ဖို့အနည်းငယ်ရှက်ရွံ့နေပေ၏။ သို့သော်လည်း သူက ဒီကလူ ဘယ်သူနဲ့မှမသိပြန်။ ရှန်ဖူကလည်း သူ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့ရတာကို သေချာပေါက်စိတ်သက်သာမည်မဟုတ်ပေ။

ထို့အတွက် လင်ရှုယီက ဖြေရှင်းနည်းတစ်ခုကိုတွေးလိုက်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now