Chapter - 45

4.3K 876 6
                                    

[Unicode]

{ဆန်အရက်ဖက်ထုပ်}

ချန်ဖန်းနှင့်ရှန်ဖူတို့နှစ်ယောက်လုံး လင်ရှုယီရဲ့ အရက်ဒဏ်ခံနိုင်စွမ်း‌‌ကို အံ့ဩသွားကြသည်။

သူတို့သုံးယောက်ထဲမှာ လင်ရှုယီက အများဆုံးသောက်ထားသူဖြစ်သည့်တိုင် သူက သူတို့ထဲမှာ စိတ်အကြည်လင်ဆုံးလူဖြစ်နေ၏။ တစ်ဝိုင်းလုံးကလူတွေ လင်ရှုယီရဲ့အရက်သောက်နိုင်စွမ်းကို အထင်ကြီး‌နေကြချိန်မှာ ချန်ဖန်းက အများကြီးမသောက်ထားတာကြောင့် သူသည်လည်း မူးမနေပေ။ တစ်ဖက်တွင်တော့ ရှန်ဖူမှာ အနည်းငယ်ထွေနေ၏။ သူ့ရဲ္တစ်ဖက်သတ်အတွေးတို့ကို ထမ်းပိုးရင်း လင်ရှုယီရဲ့သောက်စရာတွေကို တာဝန်ယူသောက်ရန်ကြိုးစားခဲ့သည်မို့ ရှန်ဖူ အနည်းငယ်မူးနေခဲ့သည်။ သို့သော်လည်း သူက ခေါင်းငိုက်စိုက်ကျနေပြီဲဖြစ်သည့် တစ်ခြားလူတွေထက်တော့ အ​ခြေအနေကောင်းနေသေးသည်။ လင်ရှုယီက ခွက်တစ်ထောင်လောက်သောက်ပြီးတာတောင် မမူးဘဲနေနိုင်သည်ကို သူ စောစောကသာသိခဲ့ပါက ဘာ​ကိစ္စ သူသူ ဒီလိုလုပ်မှာလဲ?

စိတ်‌ကျေနပ်သည်အထိ သောက်စားကြပြီးနောက် ချန်ဖန်း၊ ရှန်ဖူနှင့် လင်ရှုယီတို့မှာ ဓာတ်လှေကားကိုစီးလျက် မြေအောက်ကားပါကင်သို့ဆင်းလာကြသည်။ သူတို့ဓာတ်လှေကားထဲက ထွက်လာကြချိန်မှာ လင်ရှုယီက တစ်နေရာသွားပြီး ချန်ဖန်းနှင့်ရှန်ဖူတို့က တစ်နေရာသွားသည်။

ရှန်ဖူက ရုတ်တရက်ပြန်လှည့်ကာ လင်ရှုယီရဲ့လက်မောင်းကိုဆွဲကာတား၏။ ထိုနောက် သူက နားထင်ကိုပွတ်သပ်ရင်းဖြင့် အနည်းငယ်အက်ရှရှဖြစ်နေသောလေသံဖြင့်မေးသည်။

"မင်း ဘယ်ကိုသွားနေတာလဲ? ဒီဘက်ကို။"

လင်ရှုယီက ရှန်ဖူ့ကိုကြည့်ကာ သူလျှောက်သွားနေသည့်ဘက်ကို ပြန်လှည့်ရင်း ရင်းနှီးနေသည့်ကားတစ်စီးကို မေးငေါ့ပြ၏။

"ဟိုဟာ ခင်ဗျားကားမဟုတ်ဘူးလား? ခင်ဗျား ဘယ်သွားနေတာတုန်း?"

"အို။"

ရှန်ဖူက မသိမသာမျက်လုံး‌မှေးကာ လင်ရှုယီကိုကျော်ကြည့်၏။ သူ သေချာပေါက် အရက်နည်းနည်းမူးနေပေသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now