Chapter - 46

4.3K 845 26
                                    

[Unicode]

{မကြက်တကျက်ကြက်ဥကြော်}

ရှန်ဖူပြောတာကိုကြားပြီးနောက် ချန်ဖန်းကရယ်သည်။

"မင်း ဘာလို့ နည်းနည်း‌လေးတောင်စိုးရိမ်မနေတာလဲ?"

ရှန်ဖူက ခေါင်းငဲ့ကာ အပေါ်ထက်ကိုကြည့်သည်။ လင်ရှုယီ အပေါ်ထက်ကိုတက်သွားပြီး သူ့အခန်းထဲဝင်သွားမှ သူက ပြောသည်။

"ဘာစိုးရိမ်စရာရှိလို့လဲ?"

ထို့နောက် ချန်ဖန်းကပြောသည်။

"ကျွတ်၊ ကျွတ်။ ငါ့နေရာက လျှို့ဝှက်တယ်ဆိုပေမယ့် အများဆုံးမှာ မင်းဒီမှာ ရက်နည်းနည်းပဲနေနိုင်မှာ။ ပြီးတာနဲ့ သခင်ကြီးကှန်က ဒီရောက်လာမှာပဲ။ အဲ့ဒါဆို မင်းဘာလုပ်မှာလဲ?"

ရှန်ဖူက အေးဆေးစွာဖြင့် မျက်လုံးကိုတစ်ဋက်မျှပိတ်သည်။

"ငါ သူ့ကိုခေါ်လာဖို့စီစဉ်ထားပြီးပြီပဲ။ ဘာလို့ အဖိုးကြီးရောက်လာမှာကို ကြောက်နေရဦးမှာလဲ?"

ချန်ဖန်းမှာ သူ့စကားကြောင့်‌ ငေးကြောင်သွားရှာ၏။

"ဒါပေမယ့် မင်းတို့က အခုထိ မတွဲရသေးဘူးလေ။"

ရှန်ဖူက ကိုယ်ကိုမတ်ကာထိုင်သည်။

"အဲ့တော့ ဘာဖြစ်လဲ? ငါ သူ့ကိုပြောစရာမလိုပါဘူး။ ငါ သူ့ကိုဖြေးဖြေးချင်းလိုက်လို့ရတယ်။ ဒါပေမယ့် စိတ်ထားအရတော့ အဖိုးကြီးကို အရင်ပေးသိရလိမ့်မယ်။"

ချန်ဖန်းမှာ သူ့တွေးခေါ်ပုံများကို လိုက်မမှီနိုင်တော့ပေ။

သူ‌ ယောကျ်ား‌လေးတွေကိုသဘောကျတာကြောင့်သာမဟုတ်ရင် သခင်ကြီးရှန်ရိုက်တာခံရမှာမဟုတ်ဘူး။ အခု သူက ပုန်းမနေဘဲ သခင်ကြီးရှန်ကို ထိပ်တိုက်ရင်ဆိုင်ဦးမယ်? အရိုက်ခံရလို့ တုံးသွားတာများလား?

"ငါ မင်းရဲ့သဘောထားကိုနားလည်တယ်၊ ပြီးတော့ မင်း အတည်ဆိုတာလည်း ငါသိတယ်။ ဒါပေမယ့် သခင်ကြီးရှန်က မတူဘူး။ မင်း သူ့ဒေါသကိုဆွပေးမိပြီး မင်းတို့နှစ်ယောက်လုံးကိုရိုက်မှာ မကြောက်ဘူးလား?"

ရှန်ဖူက မျက်လုံးမှိတ်လိုက်သည်။

"အဖိုးကြီးက အဲ့လိုလူမျိုးမဟုတ်ပါဘူးကွ။ ငါကြိုက်တဲ့လူက မင်းလို့ပြောရင် သူ မင်းကိုရိုက်လိမ့်မယ်၊ ဒါပေမယ် အဲ့လူက လင်ရှုယီဆိုရင်တော့...ငါ့အဖိုးကြီးက အဲ့လောက်ဒေါသမကြီးပါဘူး။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now