Chapter - 99

2.2K 431 6
                                    

Unicode

ခရမ်းသီးနဲ့အသားစင်းကောခေါက်ဆွဲ
______________________

တကယ်တော့ သူတို့ထင်တာလည်းမမှားပေ။ ရှန်ဖူ့ဆန္ဒတွေက အမှန်ပင်မပြည့်ဝပါချေ။

သူနဲ့လင်ရှုယီက အသစ်စက်စက်မင်္ဂလာမောင်နှံလို့ပြောလို့ရပေမယ့် ရှန်ယန့်ကြောင့် သူတို့မှာ ခွဲခွာနေရတဲ့အိမ်ထောင်သည်စုံတွဲဖြစ်လာသည်။

ရှန်ဖူကတော့ ဒါကို လုံးဝကန့်ကွက်သည်။

သို့သော်ငြား သူ ဘယ်လောက်ပဲကန့်ကွက်ပါစေ သူလုပ်နိုင်တာဘာမှမရှိပေ။ ရှန်ယန်သာအချစ်ရှာချင်ရင် ကောင်းကင်ဘုံတောင်တားမရနိုင်ပေရာ ရှန်ဖူဆို ပြောနေစရာပင်မလိုတော့ချေ။

ဒါ့အပြင် သူလည်း သူ့အစ်ကိုကိုမတားချင်ပါပေ။ သူက မြန်မြန်ရှေ့ကျော်တဲ့ခလုတ်ကိုသာနှိပ်ပြီး ရှန်ယန် မြန်မြန်တိုးတက်လာတာကိုမြင်ချင်တာဖြစ်၏၊ ရှန်ယန်တို့နှစ်ဖက်က သူတို့ဆက်ဆံရေးကိုအတည်ပြုပြီး မိဘတွေနဲ့တွေ့ပြီးသွားကြပြီဆို သူလည်း စိုးရိမ်နေစရာမလိုဘဲ သူ့တာဝန်တွေကိုပစ်ပြီး Sမြို့ကိုပြန်သွားလို့ သူ့ဆန္ဒတွေကိုမဖြည့်ဆည်းရဘဲမရှိရလေအောင် လင်ရှုယီနဲ့ကိစ္စတချို့ကိုလုပ်နိုင်ပြီဖြစ်၏။

သို့သော်ငြား အမှန်အတိုင်းဆိုရသော် ရှန်ယန်က သူ ဘယ်သူနဲ့ရည်ငံနေတယ်ဆိုတာကို အတော်လေးကောင်းမွန်စွာသိုဝှက်ထားသည်။ သူ တစ်ယောက်ယောက်နဲ့ချစ်ကြိုက်နေတာကို တစ်လောကလုံးသိပ်ေယ့် အဲ့လူက ဘယ်သူဆိုတာကို သူတို့ တစ်ခါမှမတွေ့ဖူးချေ။ မေမေရှန်ပင် သတိထားမိလာပြီး ရှန်ဖူ့ကို ရှန်ယန် ဘယ်မိသားစုကမိန်းမပျိုလေးကိုကြိုက်နေလဲမေးကာ အဲ့မိန်းမပျိုက သူ့အချစ်နဲ့ထိုက်တန်တဲ့ရိုးဖြောင့်တဲ့မိန်းကလေးဆို သွားရောက်တောင်းရမ်းပေးဖို့ကိုပင်ဆိုသည်။ ရှန်ဖူတစ်ယောက် ကို့ရို့ကားယားနိုင်စွာဖြင့်သာခေါင်းခါလိုက်ရပြီး မသိကြောင်းဆို၏။

သူ ဟန်ဆောင်နေတာမဟုတ်ဘူး၊ သူ တကယ်မသိတာ။ သူ သူ့အစ်ကိုဖုန်းကိုတောင်စစ်ကြည့်ပြီးသွားပေမယ့် သူ့အစ်ကိုကြိတ်တွဲနေတဲ့သူက ဘယ်သူဆိုတာကိုမသိသေးဘူး။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now