Chapter - 102

2.1K 391 9
                                    

Unicode

ပေါင်မုန့်ကြက်ဥ
_____________

အဆုံးမှာတော့ သူတို့ ကားထဲမှာတစ်ခုခုလုပ်မိမှာကနေ ထိန်းလိုက်နိုင်ကြသည်။ ရှန်ဖူ နည်းနည်းအမူးပြေသွားပြီးနောက်မှာ သူတို့က တခြားတစ်ယောက်ကို သူတို့ကိုလာခေါ်ခိုင်းလိုက်သည်။

သူတို့နှစ်ယောက်ပြန်ရောက်သွားချိန်မှာ ရှန်ဖူ့မိဘတွေက ရှောင်ယွီ၊ ထောင်ထောင်တို့နဲ့အတူ ပြန်ရောက်မလာကြသေးဘဲ ဖိုးဖိုးရှန်က နေ့ခင်းတစ်ရေးတစ်မောအိပ်နေကာ Alanက သိပ်မကြာခင် လော့စ်အိန်ဂျလိစ်ကိုပြန်တော့မှာ‌မို့ အန်တီရှန်နဲ့Alanတို့နှစ်ယောက်က ကော်လိုပူးကပ်နေကြကာ နှစ်ယောက်လုံးအိမ်မှာမရှိပေ။

ရှန်ယန်တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့သည်။

သူ့ကိုမြင်တဲ့အခါ ရှန်ဖူအံ့ဩသွားသည်။

"ယို၊ အစ်ကို ဒိတ်လုပ်ဖို့အပြင်မသွားဘူးလား?"

ရှန်ယန် : ...

ရှန်ယန်ပြန်မဖြေတာကိုတွေ့တဲ့အခါ ရှန်ဖူက ပြုံးကာ သူ့ဘေးနားဝင်ထိုင်သည်။ လင်ရှုယီက ရှန်ဖူအမူးပြေစေဖို့အတွက် စွပ်ပြုတ်လုပ်ပေးဖို့ မီးဖိုခန်းထဲဝင်သွားကာ ညီအစ်ကိုနှစ်ယောက်ကို စကားပြောစေ၏။

"ငါဘာဖြစ်နေတယ်ဆိုတာ မင်းသိတယ်ပေါ့?"

ရှန်ယန်ကမေးသည်။

ရှန်ဖူက မျက်ခုံးပင့်၏။

"ဘာဖြစ်နေလို့လဲ? အစ်ကို့အချစ်ရေးအကြောင်းပြောနေတာဆိုရင်တော့ လူသိတယ်လို့ ကျွန်တော်ထင်တယ်။"

ရှန်ယန် : ...

ရှန်ဖူကပြုံးကာဆိုသည်။

"ဒါပေမယ့် အစ်ကိုက လျှို့ဝှက်တဲ့နေရာမှာတော်လွန်းတယ်။ ကျွန်တော် အစ်ကို့ရဲ့လျှို့ဝှက်ချစ်သူကို တစ်ခါတောင်‌မတွေ့ရသေးဘူး။"

ရှန်ယန်တစ်ယောက် ခဏမျှတိတ်သွားပြီး ရုတ်တရက်ပြုံးလေ၏။

"မင်း သူ့ကိုတွေ့ချင်တယ်ပေါ့?"

ရှန်ဖူက ချက်ချင်းပြန်ဖြေသည်။

"ဒါပေါ့! ဘယ် မိန်းကလေးက..."

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now