Chapter - 101

2.4K 425 20
                                    

Unicode

ခရမ်းသီးအနှစ်နဲ့ဝက်နံရိုးချိုချဉ်
______________________

လင်ရှုယီက ညစာအတွက် ချိုချိုချဉ်ချဉ်ခရမ်းသီးအနှစ်ထဲမှာစိမ်ထားတဲ့ဝက်နံရိုးချက်သည်။ ရှန်ဖူကအချိုမကြိုက်တာမို့ သူက ဟင်းချက်နည်းကိုနည်းနည်းပြောင်းလိုက်ပြီး သကြားပမာဏကိုလျှော့ချလိုက်တာမို့ ဟင်းပွဲကသိပ်မချိုသော်ငြား အနံ့ကမွှေးနေဆဲဖြစ်၏။

အားလုံး အဲ့ဟင်းပွဲကိုကြိုက်ကြသည်၊ အထူးသဖြင့် ရှန်ဖူပင်။ ညစာစားနေချိန်မှာ ရှန်ဖူက လင်ရှုယီကိုခဏခဏကြည့်နေပုံက အစာမျိုချနိုင်ဖို့ သူ့ကိုအသုံးချနေသည့်နှယ်‌ပင်။ သူက ခဏခဏလှမ်းလှမ်းကြည့်တာမို့ လင်ရှုယီက ကျန်လူတွေကိုလှည့်ကြည့်လိုက်ပေမယ့် အားလုံးက'သိပေမယ့်မပြောဘူး'ဆိုတဲ့မျက်နှာတွေနဲ့ သူတို့ထမင်းပန်းကန်ကိုသာငုံ့ကြည့်နေကြသည်။

လင်ရှုယီ : ...

ထောင်ထောင်တစ်ယောက် စားသောက်ပြီးတဲ့အခါ အိပ်ချင်လာပြီး သူက မျက်လုံးလေးတွေကိုပွတ်ရင်း လင်ရှုယီကို သူ့ကိုသိပ်ပေးဖို့ပြောသည်။ သို့သော်ငြား သူ လက်ကမ်းပေးလိုက်ချိန်မှာ မေမေရှန်ကတားလေ၏။

"ဒီကိုလာနော် ထောင်ထောင်လေး၊ မြေးကို ဖွားဖွားသိပ်မယ်။"

ထောင်ထောင်က လင်ရှုယီကိုလှည့်ကြည့်သည်။ ရှောင်ယွီက အလျင်စလိုလျှောက်လာကာဆို၏။

"ကိုကိုလိုက်ခဲ့မယ်လေ။"

ထို့နောက်မှာတော့ ထောင်ထောင်က ဘာမှမပြောတော့ဘဲ အကုန်လုံးနဲ့အတူ အပေါ်တက်သွားတော့သည်။

ရှန်ဖူ့ယောက်ဖAlanက ဗိုက်လေးစူစပြုလာတဲ့အန်တီရှန့်ကိုကူတွဲကာ အပေါ်ထပ်တက်သွားသည်။ အန်တီရှန်က အပေါ်တက်မသွားခင် ရှန်ဖူ့ကို သိပါတယ်ဟူသည့်ဟန်ဖြင့်ကြည့်သွားသည်။

ဖိုးဖိုးရှန်က သူလုပ်စရာရှိသေးတယ်လို့ပြောကာ စာကြည့်ခန်းဆီဝင်သွားပြီး ဖေဖေရှန်က သူ့နောက်ကလိုက်သွားသည်။ ရှန်ယန်ကတော့ ဖုန်းဖြေရင်းအပြင်ထွက်သွား၏။

ချက်ချင်းဆိုသလိုပင် ဧည့်ခန်းထဲမှာ လင်ရှုယီနဲ့ရှန်ဖူသာကျန်တော့သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now