Chapter - 59

3.8K 745 19
                                    

Unicode

အမဲဝမ်းတွင်းသားဟော့ပေါ့
_______________

အချေအတင်ဖြစ်နေတဲ့လူထုအမြင်တွေက ဘယ်တော့မှ ကြာရှည်မခံတတ်၊ အထူးသဖြင့် အင်တာနက်ပေါ်မှာ သတင်းသစ်တွေ အလွန်လျှင်လျှင်မြန်မြန်ပေါ်ပေါက်နေတဲ့ ယနေ့ခေတ်မှာဖြစ်၏။ ရှေ့ဆုံးစာမျက်နှာမှာရှိတဲ့ ခေါင်းစီးသတင်းတွေအားလုံးက အလျင်အမြန်ပင်ဖယ်ရှားခြင်းခံရသည်၊ အရမ်းကြီးနာမည်မကြီးလှသည့် သည်လိုခေါင်းစဉ်အသေးလေးဆို ပြောနေစရာပင်မလိုပါချေ။

ဒါ့အပြင် သူတို့နှစ်ယောက်က လူတွေဆီက အာရုံစိုက်မှုအများကြီးကိုခံရသည့် နာမည်ကျော်လူတွေလည်းမဟုတ်ကြပါပေ။ ယနေ့ခေတ်မှာ လိင်စိတ်တိမ်းညွတ်မှုက ပြသနာကြီးသိပ်မဟုတ်တော့သည့်အတွက် အဲ့ခေါင်းစဉ်လေးက နှစ်ရက်လောက်သာနာမည်ကြီးလိုက်ပြီး ဘေးဖယ်ခံလိုက်ရတော့သည်။ သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ သိသင့်တဲ့လူတွေရော၊ မသိသင့်တဲ့လူတွေပါ အမှန်တရားကိုသိသွားခြင်းဖြင့် အဆုံးသတ်သွားလေ၏။

ဖိုးဖိုးရှန်မှာ ဒေါသတို့ပေါက်ကွဲသွားရပြီး သူက သူတို့ဆီ ဆယ်ကြိမ်၊ ဒါမှမဟုတ် အရမ်းကြောက်ဖို့ကောင်းတဲ့ဆက်တိုက်ဖုန်းခေါ်ဆိုမှုတွေလုပ်ကာ သူတို့ကို အိမ်ပြန်လာစေချင်နေခဲ့သည်။ သူက သူ့စကားတွေကိုပြန်ရုတ်သိမ်းချင်တာတော့မဟုတ်၊ သူတို့နှစ်ယောက်က တကယ်ကိုမရင့်ကျက်ကြသေးဘူးလို့ သူခံစားရတာကြောင့်ဖြစ်သည်။ သူတို့ကိုယ်သူတို့ ပျော်ရွှင်ရ‌စေဖို့ပြန့်နှံ့သွားတဲ့ကောလဟာလတွေက နားလည်မှုလွဲဖို့အလွယ်ဆုံးသတင်းတွေပဲလို့ ပြောရပေမည်။ ရှန်မိသားစုနဲ့ ဆက်ဆံရေးရှိတဲ့သူတိုင်း ရှန်ဖူက ယောက်ျားလေးတစ်ယောက်ကိုသဘောကျနေတာမှန်း သိသွားကြပြီမို့ ဒါက ကိစ္စသိပ်မရှိ။ သို့သော်ငြား ရှန်ဖူက တကယ်စိတ်ရင်းနဲ့လားဆိုတာ သူတို့မသိပေ။ ရှန်ဖူက တာဝန်နဲ့ပတ်သက်ပြီး ယုံကြည်လို့မရတဲ့ စည်းမစောင့်တဲ့လူချမ်းသာကောင်လေးအဖြစ်သာ သူတို့တွေးကြမည်ဖြစ်ကာ ဒါက ရှန်ဖူ ရှန်မိသားစုလုပ်ငန်းတွေကို ဖြည်းဖြည်းချင်းလွှဲပြောင်းယူတဲ့အခါ အင်မတန်မသင့်မတော်ဖြစ်သွားစေနိုင်သည်။

I'm a Chef in the Modern Era [Myanmar Translation]Onde as histórias ganham vida. Descobre agora