Chapter - 30

4.9K 992 44
                                    

[Zawgyi]

{လန်ကျိုးခေါက်ဆွဲ}

ရန်ပွဲက နောက်ဆုံးတွင် ယန်ကျန်းကော်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့်အဆုံးသတ်သွားသော်လည်း ဒီကိစ္စက ပြီးဆုံးဖို့ အဝေးကြီးလိုသေးမှန်း လူတိုင်းသိကြသည်။

ကျောင်းရွှယ်မေ့က သူမ၏မိဘများအိမ်သို့ ငိုယိုကာပြန်သွားသည်။ ဒေါသမီးတောက်တွေက ပိုလို့ပိုလို့သာတောက်လောင်ကြီးမားလာတော့သည်။ ဘာကြောင့်မှန်းနသိ ဒီကိစ္စအပြီးမှာတော့ ယန်ကျန်းကော်ရဲ့စိတ်က ပိုမိုခိုင်မာလာသလိုဖြစ်ကာ သူက ကျောင်းရွှယ်မေ့ကို သွားရောက်ချော့မော့ခြင်းမပြုပေ။ ကျောင်းရွှယ်မေ့က သူမမိဘတွေရဲ့အိမ်မှာ ဘယ်လောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေ သူက ဂရုမစိုက်။ သို့ပေမယ့် ဒါကြောင့်ပဲ ကျောင်းရွှယ်မေ့မှာ ပို၍ဒေါသထွက်လာတော့၏။

သူတို့ရဲ့အိမ်ထောင်သက်တမ်းတစ်လျှောက် ဒါက ပထမဆုံးအကြိမ်ရန်ဖြစ်ခြင်းပင်။ အရင်ကဆို သူက သူမကိုရိုက်ဖို့မဆိုထားနှင့် လေသံမာမာနှင့်ပင်မပြောရဲတာကြောင့် ကျောင်းရွှယ်မေ့က ဒါတွေအကုန်လုံးကို အဖိုးအိုယန်နဲ့လင်ရှုယီအပေါ်သာ အပြစ်ပုံချတော့သည်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ပေ။

အဆုံးမှာတော့ ယန်ကျန်းကော်ရဲ့သဘောထားကိုဆန့်ကျင်လျက် ကျောင်းရွှယ်မေ့ကို အိမ်ပြန်ခေါ်လာသူက ယန်ရှောင်ပင်ဖြစ်၏။ သို့သော်လည်း ယန်ကျန်းကော်ကတော့ စိတ်ပျက်သည့်မျက်နှာအမူအရာကိုချိတ်ဆွဲလျက် သူမကိုလျစ်လျူ ရှုထားလေ၏။ သူက သူမကို အချိန်တစ်ခုကြာသည်အထိ တစ်ယောက်တည်းထားဖို့ ဆုံးဖြတ်ထားသည်မှာ ထင်ရှားနေသည်။ ကျောင်းရွှယ်မေ့က ဒီလိုဆက်ခံမှုမျိုးကို အရင်က လုံးဝမခံဖူးတာကြောင့် သူမရဲ့ဒေါသတွေကို အိမ်မှာရှိတဲ့ပန်းကန်ခွက်ယောက်တွေအပေါ် ပုံချတော့သည်။ အိမ်တွင်းလေထုအခြေအနေက ပရမ်းပတာဖြစ်နေပြီး အိမ်နှင့်ပင်မတူတော့ချေ။

တစ်ဖက်မှာတော့ ရှီချင်စားသောက်ဆိုင်က လုံးဝကိုကွဲပြားသောအခြေအနေပင်ဖြစ်၏။

အခုဆိုရင် အဖိုးအိုယန်က စားသောက်ဆိုင်ကို ဂရုစိုက်သည်ဆိုရုံသာဖြစ်ကာ အရာအားလုံးကို လင်ရှုယီဆီလွှဲထားသည်။ သူက စားသောက်ဆိုင်ကို သူ့ကိုလွှဲပေးတော့မည်ဖြစ်ကြောင်း ဒါကိုကြည့်ခြင်းအားဖြင့်သိနိုင်သည်။ အဖိုးအိုယန်ကိုယ်တိုင်ကတော့ ရှောင်ဝမ့်အဖွားနှင့်အတူ ပေါ့ပေါ့ပါးပါးလေ့ကျင်ခန်းတွေလုပ်ကာ အဖိုးအိုချန်နဲ့ စစ်တုရင်ကစားနေတတ်သည်။ သူ့ရဲ့နေ့ရက်တွေက အရင်ကထက် ပို၍အပူအပင်ကင်းလာသည်။

I'm a Chef in the Modern Era [Myanmar Translation]Όπου ζουν οι ιστορίες. Ανακάλυψε τώρα