Chapter - 40

4.9K 954 25
                                    

[Zawgyi]

{အသီးအရွက်ဘီဘင်းဘက်}

မျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာပင် အနှီအကျဉ်းချုံးပြောပြချက်က လူနှစ်ဦး၏ဘဝ၌ ကြီးမားသောပြောင်းလဲမှုများ မဖြစ်ပေါ်စေခဲ့ပေ။ ရှန်ဖူက ပြန်သွားဖို့ရည်ရွယ်ချက်မရှိသလို လင်ရှုယီကလည်း ရှန်ဖူဒီနေရာကနေထွက်ခွာသွားချိန်မှာ သူနဲ့အဆက်အသွယ်လုပ်ဖို့ စိတ်မကူးပေ။

ရှန်ဖူ ဒီမှာရှိနေသမျှကာလပတ်လုံး သူတို့ရဲ့လူနေမှုဘဝမှာ အပြောင်းအလဲများများစားစားမရှိနိုင်ချေ။

သူ့ရဲ့ ပထမဦးစားပေးက ရှီချင်စားသောက်ဆိုင်ကို ပြန်ဖွင့်ဖို့နဲ့ ဆိုင်ကိုတိုးချဲ့ဖို့ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူ ဒီလောက်အများကြီးအားမစိုက်ထုတ်နိုင်သေးပေ။ ရှန်ဖူက သူ့ကိုကူညီနိုင်သည်ဖြစ်ပြီး သူကလည်း ရှန်ဖူ့အကူအညီကို လက်ခံဖို့တွေးထားသည်။ သို့သော်လည်း ရှန်ဖူက အပြောင်အပျက်လုပ်နေတာလည်းမဟုတ်ဘဲ တကယ်ချမ်းသာတယ်ဆိုတာကို သူသိပေမယ့် ရှန်ဖူ့ရဲ့အကူအညီကို ဘာကတိကဝတ်မှမထားဘဲ လင်ရှုယီ လက်မခံချင်။

သူနဲ့ရှန်ဖူတို့ကြားကို အသာထား၊ ညီအစ်ကိုတွေကြားမှာတောင် ငွေကြေးကိစ္စဆိုတာ ရှင်းရှင်းလင်းလင်းရှိထားသင့်သည်လေ။

သို့ဖြစ်ရကား ထိုနေ့နေ့လည်ခင်းတွင် လင်ရှုယီသည် ဒီကမ္ဘာမှာ သူပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာကို မွှေနှောက်လှန်လှောရှာဖွေပြီး ရှန်ဖူ့ကိုပေးလေ၏။

ရှန်ဖူက ဆိုဖာပေါ်မှာထိုင်ကာ TVကြည့်နေသည်။ လင်ရှုယီ သူ့ကိုပေးလာသည့်အိမ်ဂရမ်ကိုမြင်ချိန်၌ သူကြောင်အသွားသည်။

"ဒါကို ဘာလို့ ကိုယ့်ကိုပေးတာလဲ?"

လင်ရှုယီက သူ့ကို စာရွက်တစ်ရွက်ထပ်ပေးလာသည်။

"အပေါင်ပစ္စည်း။"

"အပေါင်ပစ္စည်း?"

ရှန်ဖူက နှစ်စက္ကန့်လောက်ကြောင်အနေပြီးမှ သဘောပေါက်ကာရယ်သည်။

"မင်းက ဒီအိမ်ကို အပေါင်ပစ္စည်းအနေနဲ့ ထားချင်တာလား?"

အိမ်ဂရမ်အပြင် စာချုပ်ပေါ်၌လည်း သူက ရှီချင်စားသောက်ဆိုင်ကိုပြန်ပြင်ဆင်သည့်ကုန်ကျစရိတ်အတွက် အိမ်ကို အပေါင်အဖြစ်ထားမည်ဟု ရှင်းလင်းစွာဖော်ပြထား၏။ ရှန်ဖူက စာချုပ်ကို နှစ်ခါလောက်ဖတ်လိုက်ပြီးနောက် လင်ရှုယီရဲ့လက်ရေးက အတော်လေးလှတာပဲလို့တွေးလိုက်မိသည်။ စုတ်ချက်တစ်ချက်ချင်းစီက သေသပ်ကာ စာလုံးလေးတွေက အတော်လေးသေးတာတောင် စနစ်ကျညီညာလို့နေသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now