Chapter - 18

5.3K 1K 30
                                    

[Zawgyi]

{ငရုတ်သီးနှင့်ဝက်သားမွှေကြော်}

ရှန်ဖူထင်ထားသလိုပင် အခြေအနေက ထိုမျှလွယ်လွယ်ကူကူနှင့်ပြီးမသွားပါချေ။ ဆယ်ရက်တောင်မကြာသေးခင်မှာပဲ ယန်ကျန်းကော်တစ်ယောက် ထပ်ရောက်လာပြီး ဒီတစ်ကြိမ်မှာတော့ သူနဲ့ယန်ရှောင်တင်မကဘဲ အခုထိတစ်ခါမှမျက်နှာမပြသေးတဲ့ သူ့ဇနီးပါ,ပါလာသည်။

ကားက ရှီချင်ရဲ့ရှေ့တံခါးမှာရပ်သွားချိန်မှသာ ကျောင်းရွှယ်မေ့က ဖြည်းညင်းစွာဆင်းလာလေ၏။ သူမဆင်းလာချိန်မှာ သူမလုပ်တဲ့ပထမဆုံးအရာက ဆိုင်ကိုကြည့်ကာ ပြောလိုက်ခြင်းပင်။

"တကယ်ကိုပဲ...ငါ ဒီနှစ်တွေမှာ အဝေးကိုရောက်နေခဲ့တာတောင် ဒီနေရာကဈေးပေါနေတုန်းပဲ။"

သူမက ဘယ်ရောညာရောကြည့်လိုက်ပြီး ဘယ်သူမှသူမကိုမမြင်တာသေချာတော့မှ သူမမျက်နှာထက်က လှောင်ပြောင်တဲ့အမူအရာကို အပြုံးတစ်ခုဖြင့်အစားထိုးလိုက်သည်။ သူမက သူမသားကိုလှည့်ခေါ်လိုက်၏။

"ရှောင်ရှောင်...ဆင်းခဲ့တော့။ အမေတို့ သားအဖိုးကို သွားတွေ့ကြမယ်။"

ယန်ရှောင်က သိရှိကြောင်းအသံတစ်သံလုပ်ကာ ကားပေါ်ကခုန်ဆင်းလိုက်သည်။သူက နွားနို့ပုံးတစ်ပုံးနဲ့ အမြင်လှတဲ့မုန့်တစ်မျိုးကိုကိုင်ထားကာ ကျောင်းရွှယ်မေ့ဆီလျှောက်လာသည်။ ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်မှာတော့ အဖိုးအိုယန်ရဲ့ဆွေမျိုးတွေလာလည်တယ်လို့ပဲတွေးကြမှာဖြစ်သည်။ နို့နဲ့မုန့်နဲ့ဆိုတော့ ဒီလိုပဲခံစားမိကြမှာပင်။

ယန်ကျန်းကော်က နောက်ဆုံးမှဆင်းလာသူဖြစ်သည်။ သူက အထဲကိုဝင်သွားချင်စိတ်မရှိဘဲ အချိန်ယူနေခဲ့သည်။ ကျောင်းရွှယ်မေ့ ဒီမှာဘာကြောင့်ရှိနေရသလဲဆိုတာ တစ်ခြားလူတွေမသိရင်တောင် သူကတော့မသိစရာအကြောင်းမရှိ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီအိမ်အတွက်ရယ်...ပိုက်ဆံတွေအများကြီးရှာပေးနိုင်မယ့်အလြှပင်ဆိုင်အတွက်ရယ်နဲ့ ကျောင်းရွှယ်မေ့က ပြသနာတွေရှာကာ ပစ္စည်းတွေကိုပစ်ပေါက်နေခဲ့သည်။ စတိုးဆိုင်ပိုင်ရှင်က သူမကိုလော်ဆော်နေဟန်ရှိကာ သူမက သူ့ကိုပြန်လောသည်။ သို့ပေမယ့် ယန်ကျန်းကော်မှာ ဒီငွေတွေကိုတစ်လုံးတည်းရဖို့ နည်းလမ်းမှမရှိလေဘဲ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now