Chapter - 97

2.3K 453 6
                                    

Unicode

ဇီရာစေ့နဲ့အမဲသားတုတ်ထိုး
_____________

နှစ်သစ်ကူးပြီးသွားတာနဲ့ အပူချိန်မြင့်တက်လာသည်။ နေက တစ်နေ့တခြားပူပူလာပြီး အနီးနားပန်းခြံတွေမှာ ပန်းတွေပွင့်နေကာ ခရီးသွားတွေကိုဆွဲဆောင်နေသည်။

ရှန်ယန်ကော ချန်ဖူကောမပြန်ကြသေးတာကြောင့် ရှန်ဖူတစ်ယောက် မိန်းမနဲ့ကလေးတွေရှိတဲ့သူနဲ့မတူဘဲ သူတို့တွေ အိမ်မှာ ဘာမှလုပ်စရာမရှိမှာကိုစိုးရိမ်နေသည်။ ထို့အတွက် သူက ပျော်ပွဲစားထွက်ဖို့ အကင်ဖိုနှစ်ခုဝယ်လိုက်သည်။ ရှန်ယန်က အပြင်မှာအသားကင်စားကြတဲ့ကိစ္စမျိူးကို တစ်ခါမှမလုပ်ဖူးဘဲ ဒါကိုစိတ်ဝင်စားသွားတာကြောင့် တက်ကြွစွာပင်သဘောတူလိုက်သည်။ ချန်ဖန်းက မဆုံးနိုင်‌အောင်ပျင်းရိနေပြီး သူ့မိဘတွေပူညံပူညံလုပ်နေကြတာကိုနားထောင်ဖို့လည်း ပြန်မသွားချင်တာကြောင့် ပိုလို့ပင်စိတ်ပါနေသေးသည်။ သူက အပြင်ထွက်ပြီးလျှောက်သွားနေရတာကိုပိုသဘောကျသည်။

အခုက နှစ်သစ်ရဲ့ရှစ်ရက်မြောက်နေ့ဖြစ်ပြီး ကုမ္ပဏီအများစုက လုပ်ငန်းပြန်စနေကြပြီဖြစ်ပေမယ့် ဒီလေးယောက်ကတော့ ခြွင်းချက်ပင်။ ချန်ဖန်းရော၊ ရှန်ဖူရော မိသားစုလုပ်ငန်းမှာဝင်မလုပ်ကြဘဲ ချန်ဖန်းက အလွတ်တန်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ရည်မှန်းကာ သူက သူ့ခံစားချက်တွေအပေါ်မူတည်ပြီးအလုပ်လုပ်သည်။ ရှန်ယန်ကတော့ ကုမ္ပဏီကြီးတစ်ခုကိုတာဝန်ယူနေရတယ်ဆိုပေမယ့် အားလုံးကို သူဂရုစိုက်နေဖို့မလိုတာမို့ သူသာအနားယူချင်ပါက ဘယ်သူက ငြင်းနိုင်မည်လဲ? လင်ရှုယီက ကိုယ်ပိုင်စားသောက်ဆိုင်ကိုဦးစီးနေပြီး နှစ်သစ်ကူးမှာ လာစားတဲ့လူသိပ်မရှိတာကြောင့် သူလည်းအားလပ်နေသည်။

ပိတ်ရက်တွေက လူအရှုပ်ဆုံးဖြစ်ပြီး သူ့မှာ လူအုပ်ကြီးကိုတွန်းတိုက်သွားလာဖို့ရည်ရွယ်ချက်လည်းမရှိတာကြောင့် ရှန်ဖူက ပိတ်ရက်ကိုမရွေးပေ။ အထူးသဖြင့် သူ့မှာ ကလေးနှစ်ယောက်ရှိနေပြီး သူ့အစ်ကိုကလည်း လူရှုပ်တာကိုမကြိုက်တာမို့ပင်။ သို့ဖြစ်ရကား အားလုံးက လူအများစုအလုပ်သွားနေကြတဲ့ တနင်္လာနေ့ကို ခရီးထွက်ဖို့ရွေးလိုက်ကြသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now