Chapter - 111

1.4K 227 3
                                    

Unicode

၁၁၁။ အော်ပရာကိတ်
_______________

လော့စ်အိန်ဂျလိစ်က ကြွယ်ဝဖွံဖြိုးတဲ့စီးပွားရေးနဲ့စက်မှုလုပ်ငန်းတွေကြောင့်သာမက ဆွဲဆောင်မှုရှိတဲ့ရှုမျှော်ခင်းတွေကြောင့်လည်း ကမ္ဘာမှာကျော်ကြားသည်။ ကမ်းခြေတွေနဲ့ မျက်စိတစ်ဆုံးဖြန်းပက်ထားတဲ့နေရောင်ခြည်၊ ကမ္ဘာကျော်ဟောလိဝုဒ်နဲ့ဒစ်စနေးလန်းဒ် - ဒီနေရာတွေအားလုံးက လော့စ်အိန်ဂျလိစ်ရဲ့ပြိုင်ဘက်ကင်းခရီးသွားလုပ်ငန်းနဲ့ ရုပ်ရှင်ယဉ်ကျေးမှုတွေကို ကူညီဖန်တီးပေးသည်။

[T/N : Disneyland က တကယ်တော့ Anaheimမှာရှိတာပါ။]

ဒါတွေအားလုံးကို လင်ရှုယီ အင်တာနက်ကနေရှာထားတာဖြစ်သည်။

ဒီနေရာကိုမလာခင် သူ သေချာလေ့လာထားခဲ့ပြီးသားဖြစ်၏။

ဒါက နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့တွေက မြို့အနှံ့လျှောက်ကြည့်ကြမှာမို့ဖြစ်သည်။ အရေးကြီးတကာ့အရေးအကြီးဆုံးကိစ္စဖြစ်တဲ့ - မင်္ဂလာပွဲကိုတော့ - မေမေရှန်က သူမဆီ အားလုံးလွှဲထားဖို့ပြောသည်။ သူတို့က ရက်တစ်ရက်ရွေးကာ လက်ထပ်မှတ်ပုံတင်သွားယူဖို့သာလို၏။

ရှုခင်းကြည့်ဖို့အတွက်ကိုတော့ လင်ရှုယီ အများကြီးစဉ်းစားမနေပေ။ သူက ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာလောက်သာ နားလည်သည်လေ။ ဘာသာစကားကိုမပြောတတ်၊ ယဉ်ကျေးမှုကိုနားမလည်တဲ့နေရာတစ်ခုမှာ သူ အရည်အချင်းပြမှာကို သူတို့ မျှော်ကိုးလို့မရပေ။ ထို့အတွက် သူက အဲ့တာဝန်ကို ရှန်ဖူ့ဆီလွှဲပေးလိုက်ကာ အပူအပင်မရှိဖြစ်နေသည်။

လော့စ်အိန်ဂျလိစ်က ရှန်ဖူ့အတွက် မရင်းနှီးတဲ့နေရာလို့ပြောလို့မှမရသည်ပဲ။

ညဉ့်အတော်နက်မှ လင်ရှုယီအိပ်ပျော်သွားရပေမယ့် နောက်နေ့မနက်မှာ ရှန်ဖူ အစောကြီးနှိုးတာခံရသည်။ သူ့မျက်နှာတစ်ပြင်လုံးကိုထိတွေ့နေတဲ့နူးညံ့တဲ့အထိအတွေ့က ပထမတော့ လင်ရှုယီကို စိတ်နည်းနည်းရှုပ်သွားစေပြီး နူးညံ့တဲ့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းကိုထိတွေ့လာတော့မှာ သူ နည်းနည်းနိုးလာတော့ဖြစ်သည်။

I'm a Chef in the Modern Era [Myanmar Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ