Chapter - 88.1

3K 590 13
                                    

Unicode

ကြက်ဥကိတ်(Tamago Boro) - ၁
__________________

အဘွားလေးဖြစ်သူမဒမ်ရှန်မှာ နင်သွားရသည်။ အန်တီရှန်က ရှောင်ယွီ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း စိတ်ညစ်ညစ်နှင့်ဆို၏။

"မင်း အန်တီ့ကို မဒမ်ရှန်လို့ခေါ်တာပဲကောင်းတယ်။"

ရှောင်ယွီက ရှန်ဖူ့ကို စိတ်ရှုပ်ထွေးကာလှည့်ကြည့်သည်၊ သူက အန်တီရှန့်ကိုဘယ်လိုခေါ်သင့်လဲဆိုတာမသိတာသိသာနေသည်။

လင်ရှုယီက ရှောင်ယွီ့ခေါင်းကိုပွတ်ကာ စကားလမ်းကြောင်းပြောင်းသည်။

"အန်တီ ဂေဟာမှူးရဲ့ရုံးခန်းကနေလာတာလား? ကျွန်တော်တို့ကို ‌အဲ့ကိုခေါ်သွားပေးလို့ရမလား?"

အန်တီရှန်ကခါးမတ်လိုက်ပြီး Alanက သူမကိုအလျင်အမြန်ပင်ထူပေးသည်။

"မင်းတို့ကဆုံးဖြတ်ပြီးပြီဆိုမှတော့ သွားကြတာပေါ့။ ဒီလမ်း။"

ရှောင်ယွီ့မျက်လုံးတွေကတောက်ပသွားပြီး သူက လင်ရှုယီရဲ့လက်ကိုဆွဲသည်။

ရှန်ဖူကပြုံး၏။

"အတူတူသွားရအောင်။"

ရှောင်ယွီကခေါင်းခါသည်။

"ကျွန်တော် ဒီမှာပဲထောင်ထောင်နိုးလာအောင်စောင့်ပြီး သူ့ကို သတင်းကောင်းပြောပြမလို့။"

ထို့နောက် သူက ခေါင်းငုံ့ကာခဏမျှစဉ်းစားနေပြီးနောက် ခေါင်းပြန်မော့၏။

"ကျွန်တော် အစ်ကို့ကို ဒီမှာစောင့်နေပါ့မယ်။"

လင်ရှုယီက လက်ဆန့်ကာရှောင်ယွီ့ကိုဖက်လိုက်သည်။ လက်ထောက်ညွှန်ကြားရေးမှူးရဲ့စကားတွေက တကယ်မှန်တယ်လို့ သူခံစားရတယ်။ ဒီကလေးက နူးညံ့ပြီးထိခိုက်လွယ်တယ်။ ရှောင်ယွီက အဲ့လိုနေရာမျိုးမှာနေခဲ့ရပြီး နှစ်ခါတောင်စွန့်ပစ်ခံခဲ့ရတယ်။ တွေးမိမှ ရှောင်ယွီက သူတို့ကလည်းထွက်သွားပြီးရင် ဘယ်တော့မှပြန်မလာတော့မှာကိုကြောက်နေတာပဲ။

အန်တီရှန်က လက်ဆန့်ကာ ခြောက်ဂဏန်းပုံစံလက်ဟန်လုပ်လိုက်သည်။

[ T/N : Six (六 - ခြောက်) - ဒီ🤙ပုံလေးပါ။]

"အန်တီ မင်းနဲ့ လက်သန်းကတိလုပ်မယ်လေ။ မင်း ဒီမှာ စိတ်ချလက်ချနဲ့ထောင်ထောင်နိုးလာမှာကိုစောင့်လို့ရတယ်။ အန်တီတို့က ရှောင်ယွီ့ကိုအိမ်ခေါ်ဖို့ လုပ်ထုံးလုပ်နည်းတွေသွားလုပ်ကြမှာ၊ ဟုတ်ပြီလား?"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now