Chapter - 42

4.4K 937 46
                                    

[Unicode]

{မြေပဲပျားရည်}

ရှီချင်စား‌သောက်ဆိုင်ကိုပြန်ပြင်ဆင်တာနဲ့ပတ်သတ်တာမှန်သမျှက ပြီးသွားပြီဖြစ်သည်။ လင်ရှုယီက ဒီဇိုင်းပညာရှင်ကို သူ့ရဲ့အတွေးတွေပြောပြရန်သာလိုပြီး ကျန်တာတွေကိုတော့ သူတို့ကပဲလုပ်ဆောင်သွားမည်ဖြစ်၏။ သူတို့က ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကို ဆက်သွယ်ရန်ပြီး အကုန်လုံးကို ချောချောမောမောပြီးသွားအောင် သေချာလုပ်ဆောင်မှာဖြစ်တာကြောင့် လင်ရှုယီ စိုးရိမ်စရာမလိုပေ။

ဒီဇိုင်းပညာရှင်နှင့် စားသောက်ဆိုင်မှာစကားပြောပြီးနောက် သူတို့တွေ အချက်အလက်များအားလုံးကို အပြီးသတ်လိုက်နိုင်ကြသည်။ သူတို့ထွက်လာချိန်မှာ အဖိုးအိုယန်ဆီကဖုန်းဝင်လာသည်။

ဖုန်းတစ်ဖက်ဆီက အသံက စိတ်ပျက်ဝမ်းနည်းနေမှုတွေရှိမနေဘဲ သူ့ရယ်သံက ထူးထူးခြားခြားပင် ကျယ်လောင်နေ၏။

"ရှောင်ယီ၊ အဖိုးတို့ပြန်လာပြီ။ အခုတော့ မြို့ထဲမှာ။ ရှောင်ဝမ့်အဖွားက စျေးဝယ်ထွက်ချင်နေတာနဲ့ လူလေးတို့ ဘာများလိုလဲလို့ လှမ်းမေးတာ။"

လင်ရှုယီရဲ့အသံက အတော်လေးအံ့သြနေပုံပေါ်၏။

"အဖိုးတို့ပြန်လာပြီ?"

"အင်း၊ အဖိုးတို့ ပြန်လာပြီ။"

"ဒါဆိုလည်း အဖိုးတို့ပျော်ခဲ့ကြပါ။ ကျွန်တော် ဘာမှမလိုပါဘူး။"

"ဟုတ်ပြီ။ အဖိုးတို့ အမှတ်တရပစ္စည်းတွေ အများကြီးဝယ်လာတယ်။ အဖိုး လူလေးကို စားစရာအသစ်အဆန်းတစ်ခုပေးမယ်။"

ဒါကိုကြားတဲ့အခါ လင်ရှုယီပြုံးလိုက်မိသည်။

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဖိုး။"

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည်အေးဆေးစွာလမ်းလျှောက်ပြန်သွားကြလေ၏။

အဖိုးအိုယန်ပြန်လာပြီဆိုတာကို သိလိုက်ရတာမို့ လင်ရှုယီမှာ ပေါ့ပါးရွှင်ပျလို့လာ၏။ ရှန်ဖူ တိတ်တဆိတ်ကြိတ်ပြုံးလိုက်မိသည်။ လင်ရှုယီနဲ့အဖိုးအိုယန်ကြားမှာ ထူးဆန်းလွန်းသည့်သံယောဇဥ်တို့ရှိနေပုံပင်။ ဒါက သူ့ကိုပင် အနည်းငယ်မနာလိုဖြစ်လာစေ၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now