Chapter - 85

3K 612 7
                                    

Unicode

ဂိုကျီဘယ်ရီတန်ရှန်းခိုသားစွပ်ပြုတ်
_________________

အန်တီရှန်ပြန်လာတဲ့သတင်းကောင်းနောက်မှာ ပိုကောင်းတဲ့သတင်းတွေရှိနေသေး၏။

အားလုံးခန့်မှန်းထားပြီးသည့်အတိုင်းအန်တီရှန် ကိုယ်ဝန်ရှိနေပေပြီ။ တကယ်တော့ သူမ အိမ်ပြန်လာရတဲ့အဓိကအကြောင်းပြချက်က ကလေးမွေးဖို့ဖြစ်ပြီး တစ်နေရာမှာ အခြေချကာ ကလေးကို အေးအေးဆေးဆေးပျိုးထောင်ဖို့ဖြစ်သည်။

သူမ ပြန်ရောက်လာချိန်မှာ အန်တီရှန်ပထမဆုံးလုပ်တဲ့အရာက ဖိုးဖိုးရှန်နဲ့ကျန်တဲ့ရှန်မိသားစုဝင်တွေကို သတင်းကောင်းပြောပြတာဖြစ်ပြီး အခု သူမက ရှန်ဖူနဲ့လင်ရှုယီကိုလည်းပြောပြလာသည်။ အန်တီရှန် စောစောပြန်လာရတဲ့အကြောင်းရင်းက ဒီကိစ္စကြောင့်ဖြစ်မယ်လို့ ရှန်ဖူက ခန့်မှန်းထားမိပြီးပြီမို့ သူ့ခန်းမှန်းချက်‌မှန်နေတဲ့အခါ သူက သိပ်ပြီးအံ့ဩမသွားပါချေ။ ရှန်ဖူမှာ သူမရဲ့ဗိုက်ကိုကြည့်ရင်း အဒေါ်တစ်ယောက်နဲ့တောင်သိပ်မတူတဲ့ဒီမိန်းမက သူမရဲ့ဗိုက်ပိုထွက်လာတဲ့အခါ အမေတစ်ယောက်အနေနဲ့ ဘယ်လိုပုံစံများဖြစ်နေမလဲဆိုတာကို မတွေးနိုင်တော့ပေ။

ပုံမှန်ဆို အန်တီရှန်ရဲ့အကျင့်က ပူပင်ကြောင့်ကြမဲ့လွန်းတာမို့ ဒီလိုရှားပါးတဲ့အခိုက်အတန့်တွေမှာသာ — Alanရဲ့ရင်ဘတ်ကိုမှီပြီး ဖိုးဖိုးရှန်ကို သူမကလေးကို ဘာနာမည်ပေးရမလဲမေးနေလျက် — မိခင်တစ်‌ယောက်ရဲ့စိတ်ထားနည်းနည်းကို လှစ်ဟပြတတ်ပုံရသည်။

Alanက သူမကိုကြည့်နေပြီး သူ့မျက်နှာက ချစ်မြတ်နိုးမှုတွေနဲ့နူးညံ့နေသည်။ သူတို့နှစ်ယောက်လုံးက ကလေးကို တက်တက်ကြွကြွစောင့်မျှော်နေပုံရသည်။

ဖိုးဖိုးရှန်ကလည်း ဒီကိစ္စတွေကြောင့် အတော်လေးပျော်နေပြီး သူ့မျက်နှာကလည်း အပြုံးတွေဝေနေသည်။ ဒီမှာစုနေကြတဲ့လူတွေအားလုံးရှေ့မှာ သူက အဓိပ္ပာယ်ရှိတဲ့နာမည်လှလှလေး သေချာပေါက်ပေးမယ်လို့ ကတိပေးသည်။

အန်တီရှန်ကိုယ်ဝန်ရှိနေတယ်ဆိုတာကြားတာနဲ့ လင်ရှုယီက ဟင်းလျာစာရင်းထဲ အထူးဟင်းလျာတစ်ခုထပ်ထည့်ဖို့ မီးဖိုခန်းထဲဝင်သွားသည်။ ခိုပေါက်တစ်ကောင်၊ ဂိုကျီဘယ်ရီ၊ တန်ရှန်းနဲ့ တခြားပါဝင်ပစ္စည်းတွေနဲ့ ခိုသားစွပ်ပြုတ်တစ်အိုးချက်သည်။ အပေါ်မှာဝေ့နေတဲ့ဆီတွေကိုဖယ်လိုက်ချိန်မှာ စွပ်ပြုတ်က ခပ်ကျဲကျဲနှင့်အစာကြေလွယ်၏။ တာ့ယန်မှာဆို ဒီအားဖြည့်ဟင်းလျာက ဆီသိပ်မများဘဲ အာဟာရဓာတ်လည်းများတာမို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အထူးပြုလုပ်ကြသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now