Chapter - 28

4.7K 1K 42
                                    

[Zawgyi]

{ဝက်ခြေထောက်ပဲပိစပ်}

ကျောင်းရွှယ်မေ့က သူ့အလုပ်မှာအချိန်ပိုဆင်းနေရလို့ ညစာပြန်လာမစားတော့ဘူးလို့ တနင်္ဂနွေနေ့မှာ ယန်ကျန်းကော်ဖုန်းဆက်လာတဲ့အထိ ရက်တွေအကြာကြီးစောင့်နေခဲ့သည်။

သူ ညစာလာပြန်လာမစားတာကောင်းတယ်။ ကျောင်းရွှယ်မေ့ အထုပ်အပိုးတွေပြင်ကာ ချောင်ယန်လမ်းကိုသွားမယ့်ဘတ်(စ်)ကားကို စောင့်နေလိုက်သည်။ သူမ မသွားခင် တစ်နေရာရာကနေ အခုလေးတင်ပြန်လာတဲ့ ယန်ရှောင်နဲ့တွေ့သည်။ ကျောင်းရွှယ်မေ့ ချောင်ယန်လမ်းကိုသွားမယ်လို့ကြားတဲ့အခါ ယန်ရှောင်က သူလည်းလိုက်မည်ဟုဆိုလာသည်။

"သားမလိုက်တာပိုကောင်းတယ်။ အမေက သားအဖိုးကျန်းမာရေးပြန်ကောင်းပြီလားဆိုတာ သွားကြည့်ရုံပါ။"

ယန်ရှောင်က မျက်လုံးလှန်လိုက်သည်။

"အဲ့ဒါဆို အမေတစ်ယောက်တည်းဖြစ်နေမှာပေါ့။ အဖိုးက ပြောလို့ဆိုလို့လွယ်တယ်ဆိုပေမယ့် အဲ့မှာအရှုပ်ထုပ်နှစ်ကောင်လည်းရှိနေသေးတယ်မလား? အဲ့ဒီ့ကိုရောက်လို့ အမေ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ?"

အဲ့ဒီ့ကောင်လေးနှစ်ယောက်က သူမကို ဘာမှမလုပ်ရဲလောက်ဘူးလို့ ကျောင်းရွှယ်မေ့တွေးမိပေမယ့် ယန်ရှောင်ပြောလိုက်တာကြောင့် သူမကပျော်ရွှင်သွားပြီး သဘောတူလိုက်သည်။

"ငါတို့သားလေးရှောင်ရှောင်ကပဲ သူ့အမေကို ဘယ်လိုချစ်ရမယ်ဆိုတာသိတယ်။"

"ဒါပေါ့။ အမေက ကျွန်တော့်အမေပဲလေ။ သားက ဘယ်သူ့ကိုများ အမေ့ထက်ချစ်ရဦးမှာတုန်း?"

ကျောင်းရွှယ်မေ့မှာ ထိုစကားများဖြင့်သိမ်းသွင်းခံလိုက်ရလေရာ နားရွက်များကိုတက်ချိတ်မတတ်ပြုံးနေတော့သည်။ သူမက ယန်ရှောင့်လက်ကိုဆွဲကာ အပြင်ထွက်ရန်ပြင်လေ၏။

"ဒါနဲ့ အဖေ ဘယ်နေ့လစာရမှာလဲ အမေ?"

"နှစ်ဆယ့်ငါးရက်နေ့ကျရင်။ ဘာဖြစ်လို့လဲ?"

ယန်ရှောင်က ဒီအကြောင်းတွေကို ဘယ်တုန်းကမှဂရုမစိုက်တာကို။ ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းမေးရတာလဲ?

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now