Chapter - 1🍓🍓

1K 55 2
                                    

မိဘမဲ့ဂေဟာမှာ နေစဉ်ကတည်းက စောစောထတတ်တဲ့ မာရီယာ (Maria) တစ်ယောက် အခုလည်း မနက် 6:00 ကတည်းက မီးဖိုခန်းထဲမှာ မနက်စာပြင်နေသည်။ သူမမနက်စာ ပြင်ပြီးချိန်တွင် သူမ အမေ ရောက်လာပြီး..

Mom - " မာရီ အစောကြီးထ မနက်စာပြင်ပြန်ပြီလား? တခါလောက်မေမေ ပြင်ကျွေးပါ့မယ်လို့ မနေ့ညက ဒီလောက်ပြောထားတာကို "

Maria - "Morning မေမေ Mari က အကျင့်ဖြစ်နေပြီ မေမေရဲ့ ပြီးတော့ သမီးတစ်ယောက်လုံးရှိနေတာကို ကိုယ့်အမေကို ထမင်းပြင်ခိုင်းစရာလား? လာမေမေ ထိုင် , မေမေ့ အကြိုက်လေးပြင်ပေးထားတယ်"

အမြဲ အရိပ်ခြေကြည့်နေတတ်လွန်းသော ဒီသမီးလေးကို သူမဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့် ပိုး.. ဒီသမီးလေးကို သမီးအရင်းတစ်ယောက်လိုပဲ အမြဲစောင့်ရှောက်လာခဲ့တယ်။ သမီးလေးကို မိဘမဲ့ဂေဟာ ခေါ်လာတုန်းက သမီးက မပျော်သလို ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသားကျလာခဲ့တယ်။ သမီးအတွက် ပြည့်စုံတဲ့မိသားစုလေးပေးချင်ခဲ့ပေမယ့် သူမအမျိုးသားက သမီးလေး သူတို့ဘဝထဲရောက်ပြီးမကြာခင်မှာပဲ ဆုံးသွားခဲ့သည့်အတွက် သူမတစ်ယောက်ထဲ Mari လေးကို ပြုစုလာခဲ့သည်။ သူမအမျိုးသားမရှိတော့ပေမယ့် ဒီသမီးလေးကြောင့် သူမအသက်ဆက်ရှင်ဖို့ အားတွေရှိလာခဲ့ရသည်လေ...

သူမကိုငေးကြည့်နေသော မေမေ့ကို ကြည့်ရင်း Mari ပြုံးလိုက်သည်။

Maria - "ဟိတ်! ဘာတွေတွေးနေပြန်တာတုန်း မေမေ ဟင်းတွေအေးကုန်တော့မှာပဲ.."

Mom - "မနက်ဖြန် သမီးလေးမွေးနေ့တောင်ရောက်တော့မှာပဲ အာ့တာမေမေဘာလက်ဆောင်ပေးရမလည်းစဉ်းစားနေတာ"

Dear Maria,....Donde viven las historias. Descúbrelo ahora