Chapter 4 :Love is Not Over 🍓🍓

497 49 1
                                    

Sharr သူမရဲ့ မေးခွန်းကို မဖြေပဲ တိတ်ဆိတ်နေသော သူမအဖေကို မစောင့်တော့ပဲ အဖေပေးသော အမေရဲ့ အမှတ်တရတွေပါဝင်နေသော Box လေးကိုသယ်ကာ အခန်းတွင်းမှ ထွက်လာခဲ့သည်။ သူမအခန်းအပြင်မရောက်လောက်အချိန်တွင်

Dad - " Sharr.. ဒါပေမယ့် ဖေဖေ သမီးကိုတော့ တန်ဖိုးထားတယ် အာ့ဒါတခုတော့ သမီးကိုသိစေချင်တယ်"

Sharr - " ............. Good Night ပါ "
----------------------------------------------------------------------

Dara အောက်ထပ် ဧည်ခန်းတွင် Jackနဲ့လက်ဖက်ရည်သောက်နေစဉ် Sharr ဆင်းလာသည်ကို မြင်လျှင် နေရာမှ ထကာ Sharr ဆီလျှောက်သွားလိုက်သည်။ အနားသို့ရောက်လျှင် Sharr လည်ပင်းက ဒဏ်ရာကို မြင်သော် သူမဝတ်ထားသော ကုတ်အင်္ကျီကို ချွတ်ကာ Sharr ကို ခြုံပေးလိုက်သည်။

Dara - " တိုက်ခန်းကို ပြန်မှာလား?"

Sharr - " အင်း...."

Jack - " အိမ်မှာပဲ အိပ်သွားပါ့လား? ဒါမှမဟုတ် ဆေးထည့်..."

Jack စကားကို လျစ်လျူရှုကာ Sharr အိမ်ပြင်ထွက်လာခဲ့သည်။ အိမ်ထဲမှာတော့ အခန်းတွင်းမှ ထွက်လာသော အန်တီငယ် က သူ့သားကို ချလိုက်သည်။

Aunty - " အရေးလုပ်သွားပြောနေတယ်။ .. ကြည့်ပါ့လား အချိုးကိုက အကို ဟိုမိန်းမကို အိမ်ခေါ်လာတုန်းက အချိုးနဲ့အတူတူပဲ ရုပ်ကသာ ငါတို့အမျိုးနဲ့တူလို့ ကြည့်ကောင်းနေတာကလွဲရင် စောက်ချိုးမပြေတာကတော့ သူ့အမေအတိုင်း...."

Aunty's ယောကျာ်း - " တူမလေး အမေက နာမည်ကြီးအဆိုတော်လေ သူမအသံနဲ့အလှကြောင့် လိုချင်သူတွေ ဝိုင်းဝိုင်းကိုလည်နေတဲ့ကြားက ယောက်ဖကို ရွေးလိုက်တာလေ"

Aunty - " ရှင့် စောက်ပါးစပ်လေးကို ခဏပိတ်ထားပေးပါ့လား?"

Dear Maria,....Where stories live. Discover now