ငါ မင်းကို ထပ်ဆုံးရှုံးရမှာကြောက်လို့ နီးဖို့မကြိုးစားတော့ဘူး 🍭🍭

249 27 2
                                    

ကုတင်ပေါ် Maria ကိုပစ်တင်လိုက်ပြီးနောက် မလှုပ်နိုင်အောင် Sharr သူမကိုယ်ဖြင့် ဖိထားကာ

Sharr - " ငါ! နင့်ကို မုန်းတယ် ဒီလိုမျိုး အမြဲအပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ တင်းထားသမျှ ငါ့စိတ်တွေကို ခဏလေးနဲ့ ဗြောင်းဆန်အောင် လုပ်နိုင်တဲ့ နင့်ကို မုန်းတယ်။ ။"

Maria - " ဒါပေမယ့် ငါ နင့်ကို ချစ်တယ် နင်လည်း ငါကို အခုလို မုန်းရလောက်အောင်အထိကို ချစ်နေတယ်မလား .. "

Sharr သူမရင်ခွင်အောက် မှ Maria မျက်နှာကိုကြည့်ရင်း လက်သီးကိုဆုပ်ကာ ဘေးဘက်နေရာလွတ်သို့ ထိုးချကာ တောက် ခေါက်လိုက်ပြီး

Sharr - " ဘယ်လိုတောင် မျက်နှာပြောင်တာလည်း Maria နင် အရင် ငါ့ကို ထားသွားခဲ့တာ ။ ငါတို့ကြားက ကတိတွေကိုလည်း နင်ပဲအရင်ဖောက်ဖျက်ခဲ့တာ နင်သိလား မမ .."

မှတ်ချက် (ဂေဟာမှာ နေစဉ်တုန်းက Sharr က Maria ကို မမလို့ခေါ်လေ့ရှိပါတယ်)

Maria - " အင်း.... "

Sharr - " နင် အရင် ငါ့ကို နာကျင်စေခဲ့ပြီးမှ အခုမှလာပြီး ငါ့ကို ပြန်လိုချင်တယ်ဆိုတော့ မရတော့ဘူး နင်ကော ငါကော လွန်သွားခဲ့ပြီသား ဒီလောက်နဲ့ပဲ ငါလည်းနင့်ကို လက်လွှတ်လိုက်တော့မှာမလို့ နင်လည်း အဆင်ပြေပြီးကောင်းတဲ့ လူတစ်ယောက်နဲ့တွေ့ဖို့ မျှော်လင့်ပါတယ် Good Bye Maria .... ( Kiss )

သူမမျက်ဝန်းမှ ကျလာသော မျက်ရည်စက်တွေက Maria မျက်နှာပေါ် ကျဆင်းကာ သွားခဲ့သည်။ ပြီးနောက် သူမကိုယ်ကို ဖြေးဖြေးချင်း ငုံ့ကာ Maria နှုတ်ခမ်းလေးဆီ နူးနူးညံညံ ထိကာ သူမတို့ရဲ့ နောက်ဆုံးသော အနမ်းလေးပေးကာ နှုတ်ဆက်လိုက်သည်။

Sharr - " ဒီညတော့ အရမ်းနောက်ကျနေပြီမလို့ ဒီအခန်းမှာပဲ အိပ်လိုက်တော့ "

Maria ကုတင်ပေါ်မှ ထကာ ထွက်သွားတော့မယ့် Sharr လက်ကိုဆွဲကာ

Maria - " အတူတူ အိပ်ပေးလို့မရဘူးလား ?"

Sharr သက်ပြင်းချရင်း အခန်းမီးကို ညအိပ်မီးအဖြစ် ပြောင်းလိုက်ပြီး ကုတင်ပေါ် တတ်ကာ တခြားဘက်စောင်းကာ အိပ်လိုက်သည်။ ထိုအခါမှ Maria လည်း ကုတင်ပေါ်တတ်ကာ သူမရဲ့ ဘေးတွင် ဝင်လှဲလိုက်ပြီး

Dear Maria,....Where stories live. Discover now